ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • သဘာဝဘေး အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉.၆.၂၀၂၃) ရက်နေ့ နေ့လယ် (၁၃:၀၀)အချိန်တွင် ထားဝယ်ခရိုင်၊ ထားဝယ်မြို့ နယ်ရှိ အ.ထ.က(၂) အခြေခံပညာအထက်တန်း ကျောင်းတွင် ကျောင်းသား/ကျောင်းသူ (၂၀၀)ဦးခန့်အား သဘာဝဘေးအန္တရာယ် များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်း၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_jun_2023 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈.၆.၂၀၂၃)ရက်နေ့ နေ့လယ်(၁၃:၀၀)အချိန်တွင် ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ရှိ အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/သူ (၃၀၀)ဦး ခန့်အား သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပြီး ဗွီနိုင်းပိုစတာနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။   #ha_ar #tny_Jun_2023 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ သောင်ကြီးအုပ်စု၊ တက်ဆိပ်ကျေးရွာမှ မိုးကြိုးထိမှန်သေဆုံးသူအတွက် ထောက်ပံ့ငွေများပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ သောင်ကြီးအုပ်စု၊ တက်ဆိပ် ကျေးရွာ၌ (၄-၆-၂၀၂၃) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် မိုးကြိုးထိမှန်သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား (၅-၆-၂၀၂၃) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့် မိသားစုဝင် လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_tls #ayy_jun2023

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၆-၂၀၂၃) ရက်နေ့ (၀၉း၀၀) နာရီအချိန်မှ (၁၀း၃၀) နာရီအချိန်အထိ မင်းလှမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအုပ်စု၊ ထန်းပင်ကုန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် သဘာဝဘေးအသိပညာပေး ဆွေးနွေး ဟောပြောပွဲကို ဆရာ/ဆရာမနှင့် ကျောင်းသား/သူအင်အား(၁၃၀)ဦးခန့်ဖြင့် ဆောင်ရွက်ခဲ့ပြီး ကျောင်းသား/သူ များအား ဘောပင်များဝေငှခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်း၊ ကျောင်းအုပ်ဆရာမကြီးထံသို့ လေပြင်းဘေးဗီနိုင်း၊ ငလျင်ဘေးပိုစတာများ ပေးအပ်ခဲ့ပါကြောင်းနှင့် အဆိုပါအသိပညာပေးဟောပြောပွဲသို့ မြို့နယ်ထွေ/အုပ်၊ မီးသတ်၊ ပြန်/ဆက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar … Read more

  • မိုးကြိုးထိမှန် ဒဏ်ရာရလူနာအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာခရိုင်၊ ကသာမြို့၊ တုတ်ကြီးကျေးရွာအုပ်စု၊ သံပုရာကုန်း ကျေးရွာ၌ (၂-၆-၂၀၂၃) ရက်နေ့၊ (၁၆:၀၀) နာရီအချိန်တွင် မိုးကြိုးထိမှန်သဖြင့် ကသာမြို့ပြည်သူဆေးရုံတွင် ဆေးကုသမှုခံယူနေသော ဒဏ်ရာရလူနာ(၁)ဦးအတွက်‌ ထောက်ပံ့ငွေ (၅၀,၀၀၀/-)အား (၃-၆-၂၀၂၃)ရက်နေ့ နေ့လည်(၁၂:၃၀)နာရီအချိန်တွင် ကသာမြို့ပြည်သူဆေးရုံတွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_tls #sgg_jun2023  

  • ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်အတွင်းမှ လေဘေးသင့်အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်း များနှင့် ထောက်ပံ့ငွေများပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ် ချောင်းညီအကိုကျေးရွာအုပ်စုနှင့် ကြိမ်ပိုက်ကျေးရွာအုပ်စုတို့၌ (၁၅-၅-၂၀၂၃)ရက်နေ့တွင် မိုးသည်းထန်စွာရွာ သွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၂)လုံး၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ (၉)ဦးတို့ အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၈,၉၀ဝ/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-)၊ စုစု ပေါင်းထောက်ပံ့ငွေ (၁၁၈,၉၀ဝ/-) ကျပ်တို့အားလည်ကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင် မြို့နယ်အတွင်း၌ (၂၀-၅-၂၀၂၃)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ် တစ်ပိုင်းပျက်စီးအိမ်ခြေ (၃၅)လုံး၊ လုံးဝပျက်စီးအိမ်ခြေ … Read more