ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ကော့သောင်းမြို့နယ်၊ ပိတောက်ရွှေဝါရပ်ကွက် လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကော့သောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီခန်းမ၌ ကော့သောင်းမြို့နယ်၊ ပိတောက်ရွှေဝါရပ်ကွက်၌ (၈-၆-၂၀၂၃) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၈မျိုးပါ) (၁)ပုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၅)လုံး (တန်လျားပါ)အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၇၀,၀၀ဝိ/-) ကျပ်၊ အဆိုပါဘေးသင့်အိမ်ထောင်စု(၆)စု၊ ဘေးသင့်လူဦးရေ (၃၃)ဦးအတွက် (၇)ရက်စာဆန်ဖိုးထောက်ပံ့ငွေ (၆၉,၃၀ဝိ/-) ကျပ်၊ စုစုပေါင်း(၃၃၉,၃၀ဝိ/-)ကျပ်အား (၁၆-၆-၂၀၂၃) ရက်နေ့၊ နေ့လယ်(၁၄:၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw … Read more

  • ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ ဦးဆောင်၍ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ်လူမှု ကယ်ဆယ်ရေးအသင်းအဖွဲ့တို့ ပူးပေါင်းပြီး (၁၆-၆-၂၀၂၃)ရက်နေ့၊ (၀၈းဝဝ)အချိန်မှ(၁၀း၀၀)နာရီအချိန်အထိ မုဒုံမြို့နယ်၊ ကတုံးပေါ် ကျေးရွာ၌ ရေဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအား ပြည်သူလူထု (၁၅၀)ဦးတို့ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #Simex_fld #mon_jun2023

  •  မြိတ်မြို့နယ်၊ အ.ထ.က(ခွဲ)၊ အ.လ.က(၁) အခြေခံပညာအထက်တန်းကျောင်းခွဲ၌​ သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြိတ်ခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၆-၂၀၂၃)ရက်နေ့ ၊(၁၄:၀၀)နာရီအချိန်တွင်  မြိတ်မြို့နယ်၊ အ.ထ.က (ခွဲ)၊ အ.လ.က(၁) အခြေခံပညာအထက်တန်းကျောင်းခွဲ​တွင် ကျောင်းသား/သူ (၁၈၀)ဦးတို့အား သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်လျက် သဘာဝဘေးအသိပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်း၊ ဗီနိုင်းပိုစတာပေးအပ်ခြင်းနှင့် ဘောလ်ပင်ဝေငှပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #tny_jun2023

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပုလော မြို့နယ်၊ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသား/သူ (၂၀၀)ဦးခန့်အား သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်း၊ လက်ကမ်းစာစောင်များ၊ ဘောလ်ပင်များ နှင့် ဗွီနိုင်းပိုစတာဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပုလောမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #tny_jun2023

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်းများဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၆-၂၀၂၃) ရက်နေ့ နံနက် (၁၀း၀၀) အချိန် တွင် ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ရှိ အ.ထ.က(၆) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူ (၁၆၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်း၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗွီနိုင်းပိုစတာ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_jun2023 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၆-၂၀၂၃) ရက်နေ့ နေ့လယ် (၁၃:၀၀) အချိန် တွင် ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ရှိ အ.ထ.က(၅) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူ (၁၅၀) ဦးခန့်အား သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်း၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗွီနိုင်းပိုစတာ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_jun2023 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)