ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • မီးဘေးထောက်ပံ့ပြီးစီးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သထုံခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆-၂၀၂၃) ရက်နေ့၌ သထုံမြို့၊ နန်းခဲရပ်ကွက်၊ နန်းတော်ဦးဘုန်းကြီးကျောင်းတွင် မီးလောင်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် ဘုန်းကြီးကျောင်း (၁)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ(၅၀၀၀၀/-) နှင့် ပျံလွန်တော်မူခဲ့သည့်ရဟန်း (၁)ပါးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀၀၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၃၅၀၀၀၀/-)အား              (၂၆-၆-၂၀၂၃) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်ခန့်တွင် သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့နှင့်အတူ ဘေးသင့်ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ထံသို့ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #mon_jun2023 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more

  • သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄.၆.၂၀၂၂) ရက်နေ့တွင်နယ်စပ်ရေးရာဝန်ကြီးဌာန၊ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင်သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများအား သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_ar #myeik_june_2023 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃.၆.၂၀၂၃)ရက်နေ့၊ (၀၉း၃၀)အချိန်မှ (၁၁း၃၀)အချိန်ထိ ပုဗ္ဗသီရိမြို့နယ်၊ အ.မ.က(ဇီးကုန်း)စာသင်ကျောင်း၌ ကျောင်းသား/ သူ (၁၃၀)ဦးနှင့် (၁၃း၀၀)အချိန်မှ (၁၄း၃၀)အချိန်ထိ အ.မ.က(သာယာဝှမ်း)စာသင်ကျောင်းတွင် ကျောင်းသား/ သူ(၁၂၀)ဦး၊စုစုပေါင်း ကျောင်းသား/သူ (၂၅၀)ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သတ်၍ ဆောင်ရန်/ ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_ar #nptn_jun_2023 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသူသည် (၂၃-၆-၂၀၂၃)ရက်နေ့ (၁၄း၀၀)နာရီအချိန်မှ (၁၅း၃၀)နာရီအချိန်ထိ သထုံခရိုင်၊ သထုံမြို့နယ်၊ အ.ထ.က (၄)စာသင်ကျောင်း၊ ဉာဏ်ဝေယံခန်းမ၌ ကျောင်းသား/ ကျောင်းသူအင်အား (၁၀၀)ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ နှင့်ပတ်သတ်၍ သိရှိလိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဟောပြော ဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အဝတ်Maskများ ဝေငှခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_jun2023 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၆-၂၀၂၃)ရက်နေ့တွင် မြို့နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် မွန်ပြည်နယ်၊ သထုံမြို့နယ် အ.ထ.က(၄)စာသင်ကျောင်း၌ ငလျင်ဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ စုစုပေါင်းအင်အား (၄၀၀) ဦးတို့ဖြင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #simex_eqk #mon_jun2023 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁.၆.၂၀၂၃)ရက်နေ့ (၀၉း၃၀)အချိန်မှ (၁၁း၀၀)အချိန်ထိ ပုဗ္ဗသီရိမြို့နယ်၊ အ.မ.က(ကုလားရွာ)စာသင်ကျောင်း၌ ကျောင်းသား/ သူ (၉၀)ဦးနှင့် (၁၃း၀၀)အချိန်မှ (၁၄း၃၀)အချိန်ထိ အ မ.က(ဆင်တဲကြီး)စာသင်ကျောင်း၌ ကျောင်းသား/ သူ(၁၀၀)ဦး၊ စုစုပေါင်း ကျောင်းသား/သူ (၁၉၀)ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သတ်၍ ဆောင်ရန်/ ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။   #ha_ar #npt_jun_2023 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)