ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၈-၂၀၂၃)ရက်နေ့၊ (၀၉း၃၀)အချိန်မှ (၁၁း၃၀)အချိန်ထိ ပုဗ္ဗသီရိမြို့နယ်၊ အ.ထ.က(အောင်သုခ)စာသင်ကျောင်း၌ ကျောင်းသား/ သူ (၁၀၀)ဦးနှင့် (၁၃း၀၀)အချိန်မှ (၁၄း၃၀)အချိန်ထိ၊ ညောင်ပင်ကြီးစုကျေးရွာ(မူလွန်)စာသင်ကျောင်း၌ ကျောင်းသား/ သူ(၁၀၀)ဦး တို့အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သတ်၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများ၊ ခဲတံနှင့် ဗလာစာအုပ်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_ar #npt_aug_2023 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)  

  • ဆိုင်ကလုန်းမုန်တိုင်း “မိုခါ(MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ (၁၂-၈-၂၀၂၃)နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှုအခြေအနေ

    ဆိုင်ကလုန်းမုန်တိုင်း “မိုခါ (MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ (၁၂-၈-၂၀၂၃) နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်- မိုဘိုင်းဆက်သွယ်ရေးရရှိမှုအခြေအနေဖြင့် ရခိုင်ပြည်နယ်တွင် မိုဘိုင်းဆက်သွယ်ရေး တာဝါတိုင် များ ပြင်ဆင်ပြီးဖြစ်၍ (၁၀၀%) ဆက်သွယ်ရရှိပြီဖြစ်ပါသည်။ မိုးစပါးထွန်ယက်ပြီးစီးမှုအနေဖြင့် ထွန်စက်ကြီး (၈၀)စီးဖြင့် စိုက်ပျိုးမြေဧက (၁၉,၈၈၃) ဧကကို ထွန်ယက်စိုက်ပျိုးနိုင်ခဲ့ပါသည်။ တိရစ္ဆာန်ကာကွယ်ဆေးထိုးနှံမှုအနေဖြင့် ကျွဲ/နွား အကောင်ရေ (၁၀, ၀၄၂) ကောင်၊ ဝက် (၁၉၆) ကောင်နှင့် ကြက် … Read more

  • ဆိုင်ကလုန်းမုန်တိုင်း “မိုခါ(MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ (၁၁-၈-၂၀၂၃)နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှုအခြေအနေ

    ဆိုင်ကလုန်းမုန်တိုင်း “မိုခါ (MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ (၁၁-၈-၂၀၂၃) နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်- မိုဘိုင်းဆက်သွယ်ရေးရရှိမှုအခြေအနေဖြင့် ရခိုင်ပြည်နယ်တွင် မိုဘိုင်းဆက်သွယ်ရေး တာဝါတိုင် များ ပြင်ဆင်ပြီးဖြစ်၍ (၁၀၀%) ဆက်သွယ်ရရှိပြီဖြစ်ပါသည်။ မိုးစပါးထွန်ယက်ပြီးစီးမှုအနေဖြင့် ထွန်စက်ကြီး (၈၀)စီးဖြင့် စိုက်ပျိုးမြေဧက (၁၉,၈၀၃) ဧကကို ထွန်ယက်စိုက်ပျိုးနိုင်ခဲ့ပါသည်။ တိရစ္ဆာန်ကာကွယ်ဆေးထိုးနှံမှုအနေဖြင့် ကျွဲ/နွား အကောင်ရေ (၉,၉၆၂) ကောင်၊ ဝက် (၁၉၆) ကောင်နှင့် ကြက် (၁,၄၀၀) … Read more

  • သဘာဝဘေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁.၈.၂၀၂၃)ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူ  (၂၀၀)ဦး ခန့်အား သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်း၊​ သဘာဝဘေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် မြေပြိုဘေးနှင့် ရေ​ဘေးဗွီနိုင်းပိုစတာများပေးအပ်ခဲ့ပါသည်။ Source: DDM #ar #tny_Aug2023 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာနှင့် ဈေးမသွယ်အထက်ကျေးရွာတို့၌ ဖြစ်ပွားခဲ့သော ရေဘေး(ထပ်တိုး) အိမ်ထောင်စုများအတွက် ထောက်ပံ့ပြီးစီးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၂၃)ရက်နေ့မှ (၉-၈-၂၀၂၃)ရက်နေ့အထိ မိုးသည်းထန်စွာ ရွာသွန်း၍ ဒုံသမိချောင်းရေ (၉)ပေခန့်မြှင့်တက်မှုကြောင့် သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာနှင့် ဈေးမသွယ်အထက် ကျေးရွာတို့မှ ကယ်ဆယ်ရေးစခန်း (၃)ခုရှိ ထပ်တိုးအိမ်ထောင်စု (၃၇)စု၊ ကျား (၈၁)ဦး၊ မ (၈၃)ဦး၊ စုစုပေါင်းလူဦးရေ (၁၆၄)ဦးတို့အတွက် (၇)ရက်စာဆန်ရိက္ခာဖိုးငွေ (၃၄၄,၄၀၀/-)အား (၁၁-၈-၂၀၂၃)ရက်နေ့၊ (၁၄း၃၀)နာရီ အချိန်ခန့်တွင် သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့နှင့်အတူ သွားရောက်ထုတ်ပေးထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #mon_aug2023 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ သပြေကုန်းကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေး ထောက်ပံ့ပြီးစီးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ သပြေကုန်းကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာတွင် (၈-၈-၂၀၂၃)ရက်နေ့၊ (၁၆း၅၅)အချိန်ခန့်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သော နေအိမ်(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၅၅,၀၀ဝ/-)၊ ဘေးသင့်လူဦးရေ(၂၉)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၀,၉၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၃၁၅,၉၀ဝ/-)အား (၁၁-၈-၂၀၂၃)ရက်နေ့၊ (၁၁း၀၀)အချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #npw_aug2023 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)