Latest News
-
သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၉-၂၀၂၃) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ရှိ အထက (၁) အထက်တန်း ကျောင်းတွင် ကျောင်းသား/သူ (၅၀၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်း၊ သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင် များနှင့် ဗွီနိုင်းပိုစတာ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #tny_sep2023
-
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ(MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်း များနှင့်စပ်လျဉ်း၍ (၁-၉-၂၀၂၃)နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှုအခြေအနေ
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ (MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ (၁-၉-၂၀၂၃) နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး / ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်- ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများတင်ပို့မှုအနေဖြင့် ရန်ကုန်မှ စစ်တွေသို့ M.V WERU PACK KHA ရေယာဉ်ဖြင့် (၂၁၇၁.၅၉၀) တန်၊ မြစ်ကြီးနား (စစ်ရေယာဉ်) ဖြင့် (၃၃၄.၀၀၀) တန်နှင့် M.V Mercury Force ရေယာဉ်ဖြင့်(၁၉၄၂.၄၆၀)တန် တင်ပို့နိုင်ခဲ့ပါသည်။ မိုဘိုင်းဆက်သွယ်ရေးရရှိမှုအခြေအနေဖြင့် ရခိုင်ပြည်နယ်တွင် မိုဘိုင်းဆက်သွယ်ရေးတာဝါတိုင်များ (၁၀၀%) … Read more
-
မအူပင်မြို့နယ်၊ ကျွဲဒုံးကျေးရွာအုပ်စု၊ ကျွဲသောင်ကျေးရွာမှ ကမ်းပြိုဘေးကြောင့် ပြိုကျနေအိမ်များ အတွက် ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင် မြို့နယ်၊ ကျွဲဒုံးကျေးရွာအုပ်စု၊ ကျွဲသောင်ကျေးရွာ၌ (၃၀-၈-၂၀၂၃) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြို ဘေးကြောင့် ပြိုကျနေအိမ် (၈)လုံး၊ အိမ်ထောင်စု (၈)စုမှ လူဦးရေ (၃၆)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၇၅,၆၀ဝ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၈၀၀,၀၀ဝ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၈၇၅,၆၀ဝ/-)ကျပ်တို့အား (၃၀-၈-၂၀၂၃)ရက်နေ့၊ (၁၆:၀၀)နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁)၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာ၀န်ရှိသူများနှင့်အတူ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၈-၂၀၂၃) ရက်နေ့တွင် သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေး (၁၅၀) ဦးတို့အား သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ထိခိုက်ပျက်ဆီးဆုံးရှုံးမှုလျော့နည်းစေရန် သဘာဝ ဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များ ဆွေးနွေးဟောပြောခြင်း၊ အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ygn_aug2023 Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
(၂၅-၈-၂၀၂၃)ရက်နေ့ (၀၃:၅၅)အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင်၊ လှိုင်သာ ယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ မြိုင်လမ်းတွင် မီးလောင်မှုကြောင့် နေအိမ်(၂)လုံး လုံးဝပျက်စီးခဲ့ပြီး၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ ကျား(၃) ဦး၊ မ(၇)ဦး၊ ပေါင်း(၁၀)ဦး တို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၁,၀၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၀၀,၀၀ဝိ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၂၁,၀၀ဝိ/-)၊ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လူတစ်ဦးလျှင် Mask (၂)ခုနှုန်းဖြင့် Mask (၂၀)ခု၊ IEC အလှူပစ္စည်းများမှ အိမ်ထောင်စု(၁)စုလျှင် ကာဘော်လစ်ဆပ်ပြာ (၁)တောင့်နှုန်းဖြင့် ကာဘော်လစ်ဆပ်ပြာ(၂)တောင့်နှင့် တန်းဖိုးငွေ(၁၂၇၆၈၆/-)ရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး အိမ်ထောင်စု(၂)စုစာတို့အား လူမှုဝန်ထမ်း၊ … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ အဇတ်ဝကျေးရွာအုပ်စု၊ အဇတ်ဝကျေးရွာတွင် ၂၆-၈-၂၀၂၃ ရက်နေ့၊ (၁၇:၀၀) နာရီအချိန်ခန့်၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သာသနိကအဆောက်အဦ (၁) လုံး၊ (သွပ်မိုး/ ပျဉ်ထောင်) လူနေအိမ် (၂) လုံး၊ (သွပ်မိုး/ ပျဉ်ထောင်/ အုတ်ညှပ်) လူနေအိမ် (၁) လုံး၊ အုတ်ညှပ် (၁) ထပ် လူနေအိမ် (၁) လုံး၊ (ထရံကာ/ ဓနိမိုး) လူနေအိမ် (၁) … Read more









