Latest News
-
ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ ကုလားစုကျေးရွာ၌ ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပေါင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ ကုလားစုကျေးရွာ၌ (၂၅-၉-၂၀၂၃)ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် ရေတိုက်စားပြီး ကမ်းပါးပြိုကျမှု ကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့သည့် လူနေအိမ်(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀,၀၀၀/-)နှင့် လူဦးရေ(၂၂)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ(၄၆,၂၀၀/-) စုစုပေါင်း ထောက်ပံ့ငွေ (၅၄၆,၂၀၀/-)ကျပ်တို့အား(၂၇-၉-၂၀၂၃)ရက်နေ့(၁၃:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပေါင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ha_rbe #mon_sep2023
-
လယ်ဝေးမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာတွင် ကမ်းပြိုမှုကြောင့် ပြောင်းရွှေ့နေအိမ်များရှိ ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့်အတူ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာ၌ (၂၀-၉-၂၀၂၃) ရက်နေ့၊ (၀၂:၃၀) အချိန်တွင် ကမ်းပြိုမှုကြောင့် ပြောင်းရွှေ့ခဲ့သော လူနေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ ငွေ ( ၄၀၀,၀၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ (၁၉)ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၉, ၉၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၃၉, … Read more
-
ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်တောင်ပိုင်းခရိုင်၊တွံ့တေးခရိုင်၊ဒလမြို့နယ်၊ဆာပါချောင်ကျောင်းစုရပ်ကွက်၌ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တွံ့တေးခရိုင်၊ ဒလမြို့နယ်၊ ဆာပါ ချောင်ကျောင်းစုရပ်ကွက်၌ (၂၃-၉-၂၀၂၃) ရက်နေ့၊ တွံ့တေးတူးမြောင်းအဝ (၀) မိုင်နေရာတွင် အလျား (၈၀၀) ပေ၊ အနံ (၁၂၀) ပေခန့် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင် ပြောင်းရွှေ့ဖျက်သိမ်း အိမ်ထောင်စု (၈) လုံး၊ လူဦးရေ (၃၇) ဦးတို့အတွက် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ထောက်ပံ့ငွေ (၈၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုး (၇၇၇၀ဝိ/-) နှင့် ယာယီပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စု (၂၀) စု၊ လူဦးရေ(၉၃)ဦးတို့ … Read more
-
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံ့တေးခရိုင်၊ ဒလမြို့နယ်၊ ဆာပါချောင်ကျောင်းစုရပ်ကွက်၌ ကမ်းပြိုဘေးအတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ရန်ကုန်တောင်ပိုင်းခရိုင် ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် တွံ့တေးခရိုင်၊ ဒလမြို့နယ်၊ ဆာပါချောင်ကျောင်းစုရပ်ကွက်တွင် ၂၀-၉-၂၀၂၃ ရက် နေ့၊ (၁၆:၀၀) နာရီအချိန်၌တွံ့တေးတူးမြောင်းအဝ (၀) မိုင်နေရာ တွင် အလျား (၈၀၀) ပေ၊ အနံ (၁၂၀) ပေခန့် မြစ်ကမ်းပါးပြိုကျမှုကြောင့် မျှောပါအိမ်ခြေ (၁၀) လုံး၊ အိမ်ထောင်စု (၁၀) စု၊ လူဦး ရေ(၄၉)ဦးတို့ ကမ်းပြိုဘေးသင့်ခဲ့ပါသဖြင့် အဆိုပါကမ်းပြိုဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး … Read more
-
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ ရေပေါ်သောင်ကျေးရွာ၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ ရေပေါ်သောင်ကျေးရွာ၌ (၁၁-၉-၂၀၂၃)ရက်နေ့၊ (၁၃:၀၀) နာရီအချိန်ခန့်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့သည့် နေအိမ်(၆)လုံး၊ အိမ်ထောင်စု(၆)စု၊ လူဦးရေ(၂၄)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၅၀,၄၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၆၀၀,၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၆၅၀,၄၀ဝိ/-)တိတိတို့အား (၂၁-၉-၂၀၂၃)ရက်နေ့၊ (၁၁:၃၀)အချိန်နာရီတွင် တိုက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ygn_sep2023 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ အ-ထ-က၊ ပျဉ်ထောင်ကျောင်း၌ သဘာဝဘေးအသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၉-၂၀၂၃) ရက်နေ့တွင် သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ အ-ထ-က၊ ပျဉ်ထောင်ကျောင်း၌ ကျောင်းသား/ သူ(၁၀၀) ဦးတို့အား သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ထိခိုက်ပျက်ဆီးဆုံးရှုံးမှု လျော့နည်းစေရန် သဘာဝ ဘေးနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များဆွေးနွေးဟောပြောခြင်း၊ အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေခြင်းနှင့် ကျောင်းအုပ်ဆရာမကြီးထံသို့ ဗီနိုင်းပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ar #ygn_sep_2023 Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)









