ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ကမ်းပြိုဘေးသင့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၂-၁၀-၂၀၂၃)ရက်နေ့ (၁၂:၀၀)အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အုန်းပင်ကွင်းကျေးရွာတွင် မြစ်ကမ်းပါးပြိုကျမှုကြောင့်  နေအိမ်(၅)လုံး ကြိုတင်ပြောင်းရွှေ့သည့် အိမ်ထောင်စု(၅)စု၊ လူဦးရေ ကျား(၉)ဦး၊ မ(၉)ဦး၊ စုစုပေါင်း(၁၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၇,၈၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅,၀၀,၀၀ဝိ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၅,၃၇,၈၀ဝိ/-)တို့အား (၅-၁၀-၂၀၂၃)ရက်နေ့(၁၂:၃၀)အချိန်နာရီတွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။   #ha_rbe #ygn_oct_2023 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအုပ်စု၊ ခင်တန်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုသတင်း

    လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပေါင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၀-၂၀၂၃)ရက်နေ့ (၁၈း၀၀) အချိန်တွင် ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအုပ်စု၊ ခင်တန်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု ကြောင့် အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ်(၁)လုံးနှင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်(၁)လုံးအ​တွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၅၀,၀၀၀/-)နှင့် လူဦးရေ(၁၂)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ(၂၅,၂၀၀/-) စုစုပေါင်းကျပ်(၁၇၅,၂၀၀/-)အား (၃-၉-၂၀၂၃)ရက်နေ့ (၁၂း၀၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #mon_oct 2023 Source: ပေါင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီး မြို့နယ်၊ အဖျောက်မြို့၊ အုန်းပင်ကွင်းကျေးရွာ၌ မြစ်ကမ်းပါးပြိုကျမှုူကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၂၀-၉-၂၀၂၃)ရက်နေ့ (၁၂:၀၀)အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသ ကြီး၊တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အုန်းပင်ကွင်း ကျေးရွာတွင် မြစ်ကမ်းပါး ပြိုကျမှု ကြောင့်  နေအိမ် (၁၀)လုံး ကြိုတင်ပြောင်းရွှေ့ သည့် အိမ်ထောင်စု (၁၀)စု၊ လူဦးရေ ကျား(၁၅) ဦး၊ မ(၁၉)ဦး၊ ပေါင်း(၂၄)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇၁,၄၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁,၀၀၀,၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၀၇၁,၄၀ဝိ/-)တို့အား (၂၈-၉-၂၀၂၃)ရက်နေ့ (၁၂:၀၀)အချိန်နာရီတွင် … Read more

  • ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်)၊ အမှတ်(၅)ရပ်ကွက်၌ မီးလောင်မှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်)၊ အမှတ်(၅)ရပ်ကွက်၌ (၂၅-၉-၂၀၂၃)ရက်နေ့ (၁၆:၅၅)အချိန်တွင် မီးလောင်မှုကြောင့် လုံးဝပျက်စီးခဲ့သည့် နေအိမ်(၂)လုံး၊ အိမ်ထောင်စု(၁၇)စု၊ လူဦးရေ(၃၆)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇၅၆၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၄၇၅,၆၀ဝိ/-)၊ ကိုဗစ်-၁၉ ကာကွယ်နိုင်ရေးအတွက် လူတစ်ဦးလျှင် Mask (၂)ခုနှုန်းဖြင့် Mask(၇၂)ခု၊ IEC အလှူပစ္စည်းများမှ အိမ်ထောင်စု (၁)စုလျှင် ကာဘော်လစ်ဆပ်ပြာ(၁)တောင့်နှုန်းဖြင့် ကာဘော်လစ်ဆပ်ပြာ (၁၇)တောင့်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု(၁၇)စုစာ ကယ်ဆယ်ရေးပစ္စည်းတန်ဖိုး(၇၈၂,၆၁၂/-)ကျပ်တိတိတို့အား … Read more

  • တွံ့တေးခရိုင်၊ တွံ့တေးမြို့နယ်၊ တက်သစ်ကျေးရွာ၌ မိုးကြိုးပစ်ခံရ၍ သေဆုံးခဲ့သူအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တွံ့တေးခရိုင်၊ တွံ့တေးမြို့နယ်၊ တက်သစ်ကျေးရွာ၌ (၂၃-၉-၂၀၂၃) ရက်နေ့၊ (၁၆:၃၀)  နာရီအချိန်တွင် မိုးကြိုးပစ်ခံရ၍ သေဆုံးခဲ့သူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀၀၀ဝိ/-) တိတိအား သေဆုံးသူမိသားစုဝင်၏ လက်ဝယ်အရောက် (၂၆-၉-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #ygn_sep2023 Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • အမျိုးသမီးအိမ်တွင်းမှု သက်​မွေးလုပ်ငန်းပညာသင်တန်း​ကျောင်း(ပုသိမ်)၌ သဘာ၀​ဘေးနှင့်ပတ်သက်​၍ အသိ ပညာပေးဆွေးနွေးဟောပြောခြင်းများဆောင်ရွက်မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၇-၉-၂၀၂၃)ရက်​နေ့တွင် ပညာ​ရေးနှင့်​ လေ့ကျင့်​ရေးဦးစီးဌာန လက်​အောက်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်​မွေးလုပ်ငန်းပညာသင်တန်း​ကျောင်း(ပုသိမ်)၌ သင်တန်းသူနှင့် ဆရာမ (၃၀) ဦးခန့်တို့အား ဦးစီးဌာန၏ ​ထောက်ပံ့​ဆောင်ရွက်​နေမှုများ သဘာ၀​ဘေးနှင့်ပတ်သက်​သော အသိပညာဗဟု သုတများ (မီး​ဘေး၊ ​ရေ​ဘေး၊ ​လေ​ဘေး၊ ငလျင်​ဘေး၊ မိုးကြိုး​ဘေး၊ ​မြေပြို​ဘေး၊ ဆူနာမီ​ဘေး)၊ သဘာ၀​ဘေး မဖြစ်မီ၊ ဖြစ်ဆဲ၊ ဖြစ်ပြီး​နောက် ရှောင်ရန် /​ဆောင်ရန်များအား (၁၀:၃၀)နာရီအချိန်မှ (၁၂:၁၅)နာရီအချိန်အထိ အသိပညာ​ပေး​ဆွေး​နွေးခဲ့ပြီး လက်ကမ်းစာ​စောင်များ ​ဝေငှ​ပေးအပ်ခဲ့ပါ​ကြောင်း သတင်းရရှိပါသည်။ … Read more