ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ကမ်းပြိုဘေးသင့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်‌ဝေးမြို့နယ်၊ ကူသပိတ်‌ကျေးရွာအုပ်စု၊ ကြက်သွန်ခင်းကျေးရွာ၌ (၁၀.၁၀.၂၀၂၃)ရက်နေ့(၂၀:၃၀) အချိန်တွင် ကမ်းပြိုမှုကြောင့် ပြောင်းရွှေ့ခဲ့သော လူနေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၄၀၀,၀၀ဝိ/-)ကျပ်၊ ဘေးသင့်လူဦးရေ(၂၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၄၆,၂၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၄၆,၂၀ဝိ/-)ကျပ်အား နေပြည်တော်‌ကောင်စီဥက္ကဌဦးဆောင်၍ တာဝန်ရှိသူများနှင့်အတူ  (၁၁-၁၀-၂၀၂၃)ရက်နေ့၊ (၁၅:၀၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။   #ha_rbe #npt_oct_2023 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

  • မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲ၍ နေအိမ်ပျက်စီးခဲ့မှုအား ထောက်ပံ့ပြီးစီးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၇-၁၀-၂၀၂၃) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲ၍ ပျက်စီးခဲ့ရသည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ ကျား(၃)ဦး၊ မ(၂)ဦး၊ စုစုပေါင်းလူဦးရေ(၅)ဦးတို့အတွက်  ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၀,၅၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေ(၅၀,၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၆၀,၅၀ဝိ/-)တို့အား (၁၀-၁၀-၂၀၂၃)ရက်နေ့ (၁၂း၀၀) နာရီအချိန်ခန့်တွင် တိုက်ကြီးမြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #ygn_october_2023 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ရေဘေးထောက်ပံ့ပြီးစီးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁၀-၂၀၂၃) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ရှိ ချင်းကုန်းကျေးရွာအုပ်စု၊ ဥက္ကံရွာမကျေးရွာ အုပ်စု၊ အနော်ရထာရပ်ကွက်၊ ဗန္ဓုလရပ်ကွက်၊ မင်းရဲကျော်စွာရပ်ကွက်တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းများရေလျှံ၍ ရေလွှမ်းမိုးခဲ့ပြီး ပျက်စီးခဲ့ရသည့် နေအိမ်(၁၀၀)လုံး၊ အိမ်ထောင်စု (၁၀၀)စု၊ လူဦးရေ(၄၆၄)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၉၇၄,၄၀ဝိ/-)အား (၁၀-၁၀-၂၀၂၃) ရက်နေ့ (၁၂း၀၀)နာရီအချိန်ခန့်တွင် တိုက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #ygn_october_2023 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့၊‌ ဇေယျာမွန်ရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်နှင့်မြောက်ပိုင်းရပ်ကွက်တို့ရှိ ရေဘေးသင့်ပြည်သူများ အတွက် ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျ ရေများစီးဆင်းကာ ကဒတ်ချောင်းရေလျှံမှု ကြောင့် မြေနိမ့်ပိုင်းနေရာများသို့ရေ (၃)ပေခန့်ဝင်ရောက်ခဲ့ပြီး ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့၊ ဇေယျာမွန်ရပ်ကွက်၊ ကော့စံနိုင် ရပ်ကွက်နှင့် မြောက်ပိုင်းရပ်ကွက်တို့တွင် ကယ်ဆယ်‌ရေးစခန်း(၃)ခုဖွင့်လှစ်ထားရာ နေရာများသို့ စတင်ပြောင်းရွှေ့ခဲ့သော ပြောင်းရွှေ့အိမ်ခြေ (၂၃၉)ဦး၊ အိမ်ထောင်စု(၂၃၉)စု၊ ကျား (၄၂၄)ဦး၊ မ (၅၃၂)ဦး၊ စုစုပေါင်းလူဦးရေ (၉၅၆)ဦးတို့အတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုးငွေ (၂,၀၀၇,၆၀ဝိ/-) အား (၁၀-၁၀-၂၀၂၃) ရက်နေ့ (၁၅:၃၀)နာရီအချိန်တွင် … Read more

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၀-၂၀၂၃)ရက်နေ့(၁၅း၁၅)ချိန်တွင် တနင်္သာရီမြို့၊ နိဗ္ဗာန်လမ်း၌ မီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့်ခဲ့သည့် ဓနိမိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း၊ လုံးဝပျက်စီး နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀ိ/-)ကျပ် လူဦးရေ(၂)ဦးအတွက် (၇)စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၂၀၀ိ/-)ကျပ်နှင့် ဘေးသင့်အိမ်ထောင်စု(၁)စုအတွက် (၄၅၉၀၀ိ/-)ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ပလပ်စတစ်ပုံးတို့အား (၉-၁၀-၂၀၂၃)ရက်နေ့ (၁၄း၀၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။   #ha_fir #tny_oct_2023 Source:  တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ကျောင်းကုန်းမြို့၊  တံခွန်တိုင်ကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၉-၂၀၂၃) ရက်နေ့ ကျောင်းကုန်းမြို့၊  တံခွန်တိုင်ကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျအိမ်ခြေ(၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀,၀၀ဝ/-)၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၁)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ(၂,၁၀ဝ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေကျပ် (၁၀၂,၁၀၀/)နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုးပါ(၁)ပုံးတို့အား (၂-၁၀-၂၀၂၃)ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင်  တာဝန်ရှိသူများရှေ့မှောက်၌ ​ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_oct 2023 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)