Latest News
-
ရေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ ပုဇွန်ဆိပ်ကျေးရွာအုပ်စု၊ ကျွန်းတောကြီးကျေးရွာ၌ (၁၄.၁၀.၂၀၂၃)ရက်နေ့(၀၇:၀၀) အချိန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားခဲ့မှုကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၂၀၀၀၀ဝိ/-)၊ ဘေးသင့်လူဦးရေ(၂၉)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၀၉၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၂၆၀၉၀ဝိ/-)နှင့် အိမ်ထောင်စု(၂)စုစာ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၂)ပုံးတို့အား ပုဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၁၆-၁၀-၂၀၂၃)ရက်နေ့၊ (၁၅:၃၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #npt_oct_2023 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ နောင်ဘိုကျေးရွာအုပ်စု၊ နောင်ဘိုကျေးရွာတွင် (၁၅.၁၀.၂၀၂၃)ရက်နေ့၊ (၁၁:၀၀) အချိန်၌ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်လူနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၅၀,၀၀ဝိ/-)၊ ဘေးသင့်လူဦးရေ(၉)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၈,၉၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၄၆,၀၃၆)တန်ဖိုးရှိ(၁၆)မျိုးပါပုံး(၂)ပုံး၊ စုစုပေါင်းထောက်ပံ့ငွေ(၃၆၀,၉၇၂)တို့အား (၁၆-၁၀-၂၀၂၃)ရက်နေ့၊ (၁၅:၃၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #npt_oct_2023 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄.၁၀.၂၀၂၃) ရက်နေ့တွင် အသုတ်မြို့၊ အမှတ်(၅)ရပ်ကွက်၊ အုန်းတောပိုင်း၌ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးအိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀ဝိ/-)ကျပ်၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ ကျား(၁)ဦး၊ မ(၂)ဦး၊ စုစုပေါင်းလူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ငွေ(၆၃၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၀၆၃၀၀ိ/)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၁)ပုံးတို့အား (၁၅-၁၀-၂၀၂၃)ရက်နေ့(၁၀:၀၀) နာရီအချိန်တွင် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #aya_oct_2023 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူး ခရိုင်၊ လှည်းကူးမြို့နယ်တွင် (၁၁-၁၀-၂၀၂၃) ရက်နေ့မှ (၁၂-၁၀-၂၀၂၃) ရက်နေ့အတွင်း ငမိုးရိပ် ချောင်းရေမြင့်တက်မှုနှင့် မိုးဆက်လက်ရွာသွန်းမှုကြောင့် ရပ်ကွက်/ကျေးရွာ အုပ်စုများရှိ ကယ်ဆယ်ရေး စခန်းများသို့ ထပ်တိုးရောက်ရှိလာသည့် အိမ်ခြေ (၈၇၈)လုံး၊ အိမ်ထောင်စု (၈၇၈)စုမှ လူဦးရေ (၃၆၂၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေစုစုပေါင်း (၇,၆၀၆,၂၀ဝိ/-) အား (၁၄-၁၀-၂၀၂၃)ရက်နေ့ (၀၉:၃၀)အချိန်နာရီတွင် လှည်းကူးမြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကွပ်ကဲရေးရုံးသို့ သွားရောက်ထောက်ပံ့ ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #ygn_Oct_2023 Source: … Read more
-
ဟင်္သာတမြို့နယ်၊ ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်၊ ဘူတာလမ်း၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ ကြံခင်းမြို့နယ်၊ ရွာသစ် ရပ်ကွက်၊ ဘူတာလမ်းတွင် (၄-၁၀-၂၀၂၃) ရက်နေ့ ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ် တစ်ပိုင်းအိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ (၄)အတွက် ဆန်ရိက္ခာဖိုးငွေ (၈,၄၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၈,၄၀၀ိ/-)တို့ကျပ်အား (၁၀-၁၀-၂၀၂၃) ရက်နေ့ (၁၃:၀၀) အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_Oct_2023 Source: … Read more
-
ဟင်္သာတမြို့နယ်၊ စစ်ကုန်းအုပ်စု၊ ရေလယ်သောင်အောက်စု၊ ငါးဆယ်ကျွန်းကျေးရွာနှင့် အိပ်ပျက်အုပ်စု၊ ငှက်ပျောတောကျေးရွာ တို့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းအိမ်ခြေများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈.၉.၂၀၂၃)ရက်နေ့မှ (၅.၁၀.၂၀၂၃)ရက်နေ့ အတွင်း ဟင်္သာတမြို့နယ်၊ စစ်ကုန်းအုပ်စု၊ ရေလယ်သောင်အောက်စု၊ ငါးဆယ်ကျွန်းကျေးရွာနှင့် အိပ်ပျက်အုပ်စု၊ ငှက်ပျောတောကျေးရွာတို့တွင်ဖြစ်ပွားခဲ့သော ကမ်းပြို ဘေးကြောင့် ကြိုတင်ရွှေ့ပြောင်း အိမ်ခြေ (၁၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၉၀၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ (၇၁)ဦး အတွက် ဆန်ရိက္ခာဖိုးငွေ (၁၄၉,၁၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၀၄၉,၁၀၀ိ/-) ကျပ်တို့အား (၁၀-၁၀-၂၀၂၃)ရက်နေ့ (၁၃:၀၀)အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe … Read more









