ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • အင်ဒိုနီးရှားနိုင်ငံမှ မြန်မာနိုင်ငံသား (၅)ဦး ပြန်လည်ရောက်ရှိမှုအား ကြိုဆိုပြီးစီးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်      အင်ဒိုနီးရှားနိုင်ငံ၊ ဘာတန်မြို့ရှိ အဏ္ဍဝါလုပ်ငန်းနှင့် ငါးသယ်ဇာတစခန်းတွင် ထိန်းသိမ်းထား ရှိသည့် မြန်မာနိုင်ငံသား (၅)ဦးအား (၂-၁၁-၂၀၂၃) ရက်နေ့တွင် လေကြောင်းအမှတ်၊ 8M 502 ဖြင့် ကွာလာလမ်ပူ-ရန်ကုန် ခရီးစဉ်အတိုင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ (၁၃:၁၅) အချိန်တွင် ရောက်ရှိခဲ့ပါသည်။ အဆိုပါ မြန်မာနိုင်ငံသား(၅)ဦးအား လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊ အပြည်ပြည်ဆိုင်ရာလေဆိပ်အဖွဲ့၊ လေကြောင်းရဲတပ်ဖွဲ့၊ လူကုန်တားရဲတပ်ဖွဲ့၊ ကျန်းမာရေးအဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ အထူးစုံစမ်းရေးအဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန ပူးပေါင်းကြိုဆိုဆောင်ရွက်ခဲ့ပါသည်။ … Read more

  • ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ အမှတ် (၅) ရပ်ကွက်၊ ဝဏ္ဏသိင်္ဂီလမ်း၊ ပန်းတင်ကုန်းရပ်၌ ဖြစ်ပွားသော မီးဘေးကြောင့် သေဆုံးသူအတွက် ထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဧရာ၀တီတိုင်း​ဒေသကြီးဦးစီးမှူးရုံးနှင့် ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ အမှတ်(၅)ရပ်ကွက်၊ ဝဏ္ဏသိင်္ဂီလမ်း၊ ပန်းတင်ကုန်းရပ်တွင် (၂၅.၁၀.၂၀၂၃)ရက်​နေ့ (၀၇း၅၅) နာရီအချိန်၌ ဖြစ်ပွားခဲ့​သော မီး​ဘေး​ကြောင့် ​သေဆုံးသူ(၁)ဦးအတွက်​ထောက်ပံ့​ငွေကျပ် (၃၀၀,၀၀ဝိ/-) တိတိအား (၂၅.၁၀.၂၀၂၃)ရက်​​နေ့ (၁၄း၄၀)နာရီအချိန်တွင် တာ၀န်ရှိသူများ၏ ​ရှေ့​မှောက်၌ ​သေဆုံးသူ၏ မိသားစု၀င်များ လက်၀ယ်အ​ရောက်​ ထောက်ပံ့​ပေးအပ်ခဲ့ပါ​ကြောင်း သတင်းရရှိပါသည်။ #ha_fir #ayy_Oct_2023 Source:  ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • အယ်လ်နီညိုကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ခန်းမတွင် (၂၀-၁၀-၂၀၂၃) ရက်နေ့ (၁၀း၀၀) နာရီအချိန်၌ ”အယ်လ်နီညိုကြောင့်ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်သင့်သည့် အချက်များ” ခေါင်းစဥ်ဖြင့် သဘာဝ ဘေးအသိပညာပေးဟောပြောမှုနှင့် မိုးခေါင်ရေရှားဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခြင်းများဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာ ဝန်ထမ်း များ စုစုပေါင်း (၁၄၀)ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_Oct_2023 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မြဝတီရပ်ကွက်၊ နယ်မြေ(၁၁/ခ)၌ (၂၁.၁၀.၂၀၂၃)ရက်နေ့၊ (၁၈:၅၀)အချိန်ခန့်တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သောနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၀၀၀ဝိ/-)၊ ဘေးသင့်လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၄၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၅၈၄၀ဝိ/-)အား (၂၃.၁၀.၂၀၂၃)ရက်နေ့၊ (၁၁:၃၀)အချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #npt_oct_2023 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • လယ်ဝေးမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ နယ်မြေ(၁၀)တွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှုပြီးစီးမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ နယ်မြေ(၁၀)၌ (၂၁-၁၀-၂၀၂၃)ရက်နေ့၊ (၂၂:၀၀) အချိန်ခန့်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-)၊ ဘေးသင့်လူဦးရေ(၁၀)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၂၁,၀၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၂၁,၀၀ဝ/-)အား နေပြည်တော်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၀-၂၀၂၃)ရက်နေ့၊ (၁၄:၃၀)အချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့သွား ရောက်ထောက်ပံ့ခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #npw_oct 2023 … Read more

  • ကမ်းပြိုဘေးထောက်ပံ့ပြီးစီးမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တွံ့တေးခရိုင်၊ ဒလမြို့နယ်၊ ဆာပါချောင်ကျောင်းစုရပ်ကွက်၌ (၂၀-၉-၂၀၂၃) ရက်နေ့၊ တွံ့တေးတူးမြောင်းအဝ (၀) မိုင်နေရာတွင် အလျား (၈၀၀) ပေ၊ အနံ (၁၂၀) ပေခန့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ပြီး အဆိုပါကမ်းပါး အရေးပေါ်ကာကွယ်ရေး လုပ်ငန်းအား တိုင်းဒေသကြီးရေအရင်းမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၆-၁၀-၂၀၂၃) ရက်နေ့တွင် လုပ်ငန်းဆောင်ရွက်ရာတွင် မလွတ်ကင်း၍ ကြိုတင်ပြောင်းရွှေ့ဖျက်သိမ်းခဲ့သည့် နေအိမ် (၁၀) လုံး၊ အိမ်ထောင်စု (၁၀) စု၊ လူဦးရေ (၄၈) … Read more