Latest News
-
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ ဆင်ဖြူရှင်ရပ်ကွက်၊ မနော်ဟရီ လမ်းနှင့် စွယ်တော်(၂)လမ်း မီးဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာ သီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ ဆင်ဖြူရှင်ရပ်ကွက်၊ မနော်ဟရီလမ်းနှင့် စွယ်တော်(၂)လမ်း ၌ (၃-၁၁-၂၀၂၃) ရက်နေ့၊ (၁၇:၂၅)နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀ဝ/-)၊ ဘေးသင့်လူဦးရေ (၂)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၄,၂၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၂၀၄,၂၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး အိမ်ထောင်စု (၁)စုစာတို့အား (၇-၁၁-၂၀၂၃)ရက်နေ့၊ (၁၁:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် … Read more
-
ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ရှိ အ.ထ.က (၁)ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ရှိ အ.ထ.က (၁)ကျောင်းတွင် ကျောင်းသား/သူ (၁၀၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်း၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗွီနိုင်းပိုစတာ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_nov2023 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ အ.ထ.က (၂) ကျောင်း၌ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၁-၂၀၂၃)ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ အ.ထ.က (၂)မှ ကျောင်းသား/သူ (၁၀၀)ဦး ခန့်အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များနှင့် ဗွီနိုင်းပိုစတာဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #tny_nov2023
-
ပုသိမ်ခရိုင်၊ ကန်ကြီးထောင့် မြို့၊ အမှတ်(၃)ရပ်ကွက်၌ မီးဘေးကြောင့် ဒဏ်ရာရလူနာများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့် မြို့၊ အမှတ်(၃)ရပ်ကွက်၊ ကျန်စစ်သားလမ်း၊ မာလာကုန်းလမ်းဆုံအနီး၌ (၄-၁၁-၂၀၂၃)ရက်နေ့ (၁၉:၁၀) နာရီ အချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဒဏ်ရာရရှိသူ(၄)ဦးအနက် ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော ဒဏ်ရာရရှိသူ(၃)ဦးအတွက် (၁)ဦးလျှင် (၅၀,၀၀ဝ/-)ကျပ်ဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၁၅၀,၀၀ဝ/-)ကျပ်တို့အား (၅-၁၁-၂၀၂၃)ရက်နေ့ (၁၇:၂၅)နာရီအချိန်၌ ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာ၀န် ရှိသူများနှင့်အတူ ပုသိမ်မြို့၊ ပြည်သူ့ဆေးရုံကြီးသို့သွားရောက်၍ ဘေးသင့်မိသားစု၀င်များလက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) … Read more
-
အစ္စရေးနိုင်ငံမှ မြန်မာနိုင်ငံသား(၄)ဦး ပြန်လည်ရောက်ရှိမှုအား ကြိုဆိုပြီးစီးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အစ္စရေးနိုင်ငံ အတွင်း စစ်ဖြစ်ပွားမှုကြောင့် အခက်အခဲကြုံတွေနေရပြီ နေရပ်ပြန်မည့် မြန်မာနိုင်ငံသား(၄)ဦးအား (၂၆-၁၀-၂၀၂၃)ရက်နေ့၊ (၂၁:၀၅)နာရီအချိန်တွင် ဗန်ကောက်မှ ရန်ကုန်သို့ လေကြောင်းအမှတ်(8M-351)(MAI)ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ လေဆိပ်လူဝင် မှုကြီးကြပ်ရေး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လေကြောင်းရဲတပ်ဖွဲ့၊ လူကုန်တားရဲတပ်ဖွဲ့၊ ကျန်းမာရေး အဖွဲ့၊ ရဲသတင်းတပ်ဖွဲ့၊ အထူးစုံစမ်းရေးအဖွဲ့နှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနအတူ ပူးပေါင်း ကြိုဆိုခဲ့ပြီး အဆိုင်မြန်မာနိုင်ငံသား(၃)ဦးအနက်မှ ကချင်ပြည်နယ်(၁)ဦး၊ ရှမ်းပြည် နယ်(၁)ဦး၊ ရန်ကုန်မြို့(၁)ဦး၊ ပဲခူးတိုင်း(၁)ဦး စုစုပေါင်း(၄)ဦးတို့အား … Read more
-
အစ္စရေးနိုင်ငံမှ မြန်မာနိုင်ငံသား(၃)ဦး ပြန်လည်ရောက်ရှိမှုအား ကြိုဆိုပြီးစီးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အစ္စရေးနိုင်ငံ အတွင်း စစ်ဖြစ်ပွားမှုကြောင့် အခက်အခဲကြုံတွေ့နေရပြီး နေရပ်ပြန်မည့် မြန်မာနိုင်ငံသား (၃) ဦးအား (၁-၁၁-၂၀၂၃)ရက်နေ့၊ (၁၇:၁၅)နာရီအချိန်တွင် ဗန်ကောက်မှ ရန်ကုန်သို့ လေကြောင်း အမှတ်(8M-334)(MAI)ဖြင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ လေဆိပ်လူဝင်မှုကြီးကြပ်ရေး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လေကြောင်း ရဲတပ်ဖွဲ့၊ လူကုန်တား ရဲတပ်ဖွဲ့၊ ကျန်းမာရေးအဖွဲ့၊ ရဲသတင်းတပ်ဖွဲ့၊ အထူးစုံစမ်းရေးအဖွဲ့၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ပူးပေါင်းကြိုဆိုခဲ့ပြီး အဆိုင် မြန်မာ နိုင်ငံသား(၃)ဦးအနက်မှ … Read more









