ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါင်မြို့နယ်ဦးစီမှူးရုံးမှတာဝန်ရှိသူများသည် (၁၇-၁၁-၂၀၂၃) ရက်နေ့ (၁၀:၀၀)နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရမည့် ဆောင်ရန် /ရှောင်ရန်အချက်များအား ပေါင်မြို့နယ်၊ အ.ထ.က (ပေါင်) စာသင်ကျောင်း၌ ကျောင်းသား /သူအင်အား (၁၂၀)ဦးတို့အား အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များအားဖြန့်ဝေခြင်းများ ဆောင်ရွက် ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #Mon_nov2023 Source: ပေါင်မြို့နယ်ဦးစီမှူးရုံး (ဘစမ)

  • သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ အ-ထ-က (ကျောက်ရေတွင်း)  ကျောင်း၌ သဘာဝဘေးအသိပညာပေးဆွေးနွေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၁-၂၀၂၃) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်မှ (၁၁:၃၀) နာရီအချိန်အထိ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ အ-ထ-က (ကျောက်ရေတွင်း)  ကျောင်းတွင် ကျောင်းသား/သူ (၁၀၀) ဦးတို့အား သဘာဝဘေး အသိပညာပေး ဆွေးနွေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်း၊ ကျောင်းအုပ်ဆရာမကြီးထံသို့ ဗီနိုင်းပိုစတာ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #ygn_nov2023    

  • ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရေဉက္ကံကျေးရွာအုပ်စု၊ ဆိပ်ကမ်းလမ်း၌ မီးဘေးကြောင့် ဘေးသင့်ခဲ့သည့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ ရေဉက္ကံကျေးရွာအုပ်စု၊ ဆိပ်ကမ်းလမ်း၌ (၁၂-၁၁-၂၀၂၃)ရက်နေ့၊ (၀၉:၄၃)အချိန်ခန့်တွင် နေအိမ်အတွင်း ထမင်းချက်ရာမှ ဂတ်စ်အိုး ပေါက်ပြီးအနီးရှိထရံအား မီးစွဲ၍ မီးလောင်မှုကြောင့် နေအိမ်(၁)လုံး(ကျူး) လုံးဝပျက်စီးခဲ့ပြီး၊ မီးဘေးသင့်အိမ်ထောင်စု(၂)စု၊ ကျား(၅)ဦး၊ မ(၅)ဦး၊ ပေါင်း(၁၀)ဦးအနက် (၁)ဦးမှာ ဒဏ်ရာရရှိခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၁,၀၀ဝိ/-)၊ ဒဏ်ရာရ(၁)ဦးအတွက် ဒဏ်ရာရထောက်ပံ့ငွေ (၅၀၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၇၁,၀၀ဝိ/-)၊ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လူတစ်ဦးလျှင် Mask … Read more

  • မြေငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ တို့နှင့်ပူးပေါင်း၍ (၁၄-၁၁-၂၀၂၃)ရက်နေ့တွင် လသာမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း၌ သဘာဝဘေးအန္တရာယ်များအနက် ငလျင်ဘေးအန္တရာယ်မှာ ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိသည့် ဘေးအမျိုးအစားဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုနှင့် ထိခိုက်ခံစားရလွယ်မှု အများဆုံးသော ဘေးအန္တရာယ် အမျိုးအစား ဖြစ်ပါသည်။ သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ဘေးအန္တရာယ်တစ်ခုအတွက် ပြင်ဆင် ထားမှုအခြေအနေအား လေ့လာခြင်း၊ တိုးမြှင့်ခြင်းနှင့် သုံးသပ်ခြင်းတို့ပြုလုပ်ရန် ဘေးအန္တရာယ် ကြုံတွေ့ပါက ထိခိုက်မှုအနည်းဆုံးဖြစ်စေရန်၊ ဘေးမဖြစ်မီ၊ ဖြစ်နေဆဲ၊ ဖြစ်ပြီးအချိန် များတွင် လုပ်ဆောင်ရမည့် အစီအစဉ်များကို … Read more

  • ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ ကုလားစုကျေးရွာ၌ ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှု ဦးစီးဌာန၊ ပေါင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၉-၁၁-၂၀၂၃)ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ ကုလားစုကျေးရွာ၌ ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ခဲ့ရသည့် လူနေအိမ်(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀,၀၀ဝ/-)ကျပ်နှင့် လူဦးရေ (၃၁) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၆၅,၁၀၀/-) စုစုပေါင်း (၇၆၅,၁၀၀/-)ကျပ်တို့အား (၁၀-၁၁-၂၀၂၃)ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပေါင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ha_rbe #mon_nov2023

  • သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ အမှတ် (၇)ရပ်ကွက်၊ သီပေါလမ်း၊ မှော်ဝန်ချောင်း ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ အမှတ် (၇)ရပ်ကွက်၊ သီပေါလမ်း၊ မှော်ဝန်ချောင်း၌ ချောင်းရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးအရှည် (၂၀၀)ပေ ခန့်၊ အကျယ်(၁၅)ပေခန့်၊ ချောင်းကမ်းပါးမြေပြိုကျခြင်း၊ ချောင်းကမ်းပါး မြေသားနိမ့်ကျပျက်စီးမှု ကြောင့်   ကြိုတင်ပြောင်းရွှေ့ဖျက်သိမ်းခဲ့သည့် နေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စု၊ လူဦးရေ (၁၃) ဦးတို့ အတွက် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ထောက်ပံ့ငွေ (၃၀၀,၀၀ဝ/-) နှင့် ဆန်ရိက္ခာဖိုး (၂၇,၃၀ဝ/-)၊ စုစု ပေါင်းထောက်ပံ့ငွေ … Read more