Latest News
-
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ကွင်းလျားကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ၌ ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့်နေအိမ်များမှ ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေကြည် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ကွင်းလျားကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာတွင် (၈-၁၂-၂၀၂၃) ရက်နေ့တွင် ဖြစ်ပွားသောကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့်နေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးရန်ပုံငွေ (၄၀၀၀၀၀ိ/-)ကျပ်၊ အိမ်ထောင်စု (၂)စုမှ စုစုပေါင်းလူဦးရေ(၁၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၂၉၄၀၀ိ/-) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၄၂၉၄၀၀ိ/-)ကျပ်တို့အား (၁၁-၁၂-၂၀၂၃)ရက်နေ့ (၁၃း၀၀)နာရီ အချိန်တွင် တာဝန်ရှိသူ များရှေ့မှောက်၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_dec_2023 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) … Read more
-
ပြည်ထောင်စုနယ်မြေ၊ ပျဥ်းမနားခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံ (တိုင်းအဆင့်) သင်တန်း (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့ နံနက် (၀၈:၃၀)နာရီအချိန်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံ(တိုင်းအဆင့်)သင်တန်း (၂/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုနယ်မြေ၊ ပျဥ်းမနားခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ နေပြည်တော်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ တိုင်းအဆင့်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းသား/သူ စုစုပေါင်း (၉၀)ဦး တက်ရောက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ar … Read more
-
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာအုပ်စု၊ ရှမ်းအင်းတော်ကျေးရွာ၌ ဖြစ်ပွားသော လေပြင်းဘေး အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ တနင်္သာရီ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၂-၂၀၂၃)ရက်နေ့ (၂၂း၀၀)နာရီအချိန်ခန့် တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာ အုပ်စု၊ ရှမ်းအင်းတော်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေပြင်း တိုက်ခတ်မှုကြောင့် လုံးဝပျက်စီး အလျား (၂၁)ပေ၊ အမြင့် (၁၅)ပေ၊ အနံ(၁၂)ပေ၊ ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ် (၁)လုံးအတွက် အိမ်ဆောင်ပစ္စည်းဖိုး (၁၀၀၀၀ဝိ/-)ကျပ်၊ လေဘေးသင့် အိမ်ထောင်စု (၁)စုမှ လူဦးရေ (၈)ဦး ဆန်ဖိုး(၇)ရက်စာ ထောက်ပံ့ငွေ (၁၆၈၀ဝိ/-)ကျပ်၊ စုစုပေါင်း (၁၁၆၈၀ဝိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း … Read more
-
လပွတ္တာမြို့နယ်၊ ဘုရားလေးကုန်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်း၊ တောမီးအန္တရာယ်နှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၂-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်အထိ လပွတ္တာမြို့နယ်၊ ဘုရားလေးကုန်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသား/ကျောင်းသူ(၁၅၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်း၊ တောမီးအန္တရာယ်နှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ၊ ဗီနိုင်းနှင့် စာရေးကိရိယာများ ဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_dec2023 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လပွတ္တာမြို့နယ်၊ ကျောက်မှော်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်း၊ တောမီးအန္တရာယ်နှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၂-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်အထိ လပွတ္တာမြို့နယ်၊ ကျောက်မှော်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/ကျောင်းသူ(၁၀၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်း၊ တောမီးအန္တရာယ်နှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ၊ ဗီနိုင်းနှင့် စာရေးကိရိယာများ ဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_dec2023 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ကွင်းလျားကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ၌ ဖြစ်ပွားသောကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသည့် ပြည်သူများအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ကွင်းလျားကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ၌ (၃၀-၁၁-၂၀၂၃)ရက် နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့်နေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၂၀၀၀၀၀ိ/-)၊ အိမ်ထောင်စု (၂)စုမှ စုစုပေါင်းလူဦးရေ (၉)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာရန်ပုံငွေ (၁၈၉၀၀ိ/-)၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၂၁၈၉၀၀ိ/-)ကျပ်တို့အား (၄-၁၂-၂၀၂၃)ရက်နေ့ (၁၄း၃၀)နာရီအချိန်တွင် တာဝန်ရှိသူများ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_dec_2023 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး … Read more









