ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်၊ မြို့လှပိုင်း (လယ်ကွင်းအစပ်) ၌ မီးလောင်မှုကြောင့် ဘေးသင့်ခဲ့သည့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်၊ မြို့လှပိုင်း (လယ်ကွင်းအစပ်) ၌ (၉-၁-၂၀၂၄) ရက်နေ့၊ (၁၀:၅၅) နာရီအချိန်ခန့်တွင် လျှပ်စစ်ဝါယာကြိုးရှော့ဖြစ်ကာ မီးစတင်လောင်မှုကြောင့် မီးဘေးသင့်ခဲ့သည့် နေအိမ် (၂) လုံးဝပျက်စီး၊ အိမ်ထောင်စု (၂) စု၊ လူဦးရေ (၉) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၁၈၉၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၄၁၈၉၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ ပစ္စည်းတန်ဖိုး … Read more

  • ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ချောင်းစောက်ကျေးရွာအုပ်စု၊ ကျောက်ပြင်သာကျေးရွာ၌ တောဆင်ရိုင်းဝင်ရောက်မှုကြောင့် ဘေးသင့်ခဲ့သည့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ချောင်းစောက်ကျေးရွာအုပ်စု၊ ကျောက်ပြင်သာကျေးရွာ၌ (၆-၁-၂၀၂၄)ရက်နေ့၊ (၀၆:၀၀)အချိန်ခန့်တွင် တောဆင်ရိုင်းဝင်ရောက်ဖျက်ဆီးမှုကြောင့် နေအိမ်(၁)လုံး လုံးဝပျက်စီးခဲ့ပြီး၊ ဘေးသင့်အိမ်ထောင်စု(၁)စု၊ လူဦးရေ(၄)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၈,၄၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၈,၄၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး အိမ်ထောင်စု(၁)စုစာ ကယ်ဆယ်ရေးပစ္စည်းတန်းဖိုး (၆၅,၈၉၈/-)တို့အား (၁၀-၁-၂၀၂၄) ရက်နေ့၊ (၀၉:၃၀)အချိန်နာရီတွင် တိုက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #ygn_jan2024 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (က)ရပ်ကွက်၊ တူဿီတာ(၂)လမ်း၌ မီးလောင်မှုကြောင့် ဘေးသင့်ခဲ့သည့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (က)ရပ်ကွက်၊ တူဿီတာ(၂)လမ်း၌ (၄-၁-၂၀၂၄)ရက်နေ့၊ (၀၄:၃၀)အချိန်ခန့်တွင် ဘုရားစင်၌ ဖယောင်းတိုင်မီးပူးဇော်ရာမှ မီးစတင်လောင်ကျွမ်းမှုကြောင့် အောက်ခံအုတ်သစ်သားအိမ်(၂)ထပ်အိမ် နေအိမ်(၃)လုံး(လုံးဝပျက်စီး)၊ ပျဉ်ထောင်(၁)ထပ်နေအိမ်(၁)လုံး(တစ်စိတ်တစ်ပိုင်း)၊ စုစုပေါင်းနေအိမ်(၄)လုံး မီးလောင်ပျက်စီးခဲ့ပြီး၊ မီးဘေးသင့်အိမ်ထောင်စု(၄)စု၊ လူဦးရေ(၁၅)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃,၁၅၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၆၅၀,၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၆၈၁,၅၀ဝိ/-)၊ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လူတစ်ဦးလျှင် Mask (၂)ခုနှုန်းဖြင့် Mask (၂၈)ခု၊ IEC အလှူပစ္စည်းများမှ အိမ်ထောင်စု(၁)စုလျှင် ကာဘော်လစ်ဆပ်ပြာ(၁)တောင့်နှုန်းဖြင့် ကာဘော်လစ်ဆပ်ပြာ(၃)တောင့်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး … Read more

  • မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်   အ.ထ.က(ခွဲ)သာယာကုန်း၌ သဘာဝဘေးအသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁-၂၀၂၄) ရက်နေ့၊ (၁၀း၃၀)နာရီအချိန်မှ(၁၂း၀၀)နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်   အ.ထ.က(ခွဲ)သာယာကုန်းရှိ ကျောင်းသား/သူအင်အား(၁၀၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရမည့်  ဆောင်ရန်/ ရှောင်ရန်အချက်များအား ဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ ဗီနိုင်းပိုစတာနှင့် Mask ဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_jan2024 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာအုပ်စု၊ ကုက္ကိုလ်စုကျေးရွာ ကမ်းပြိုဘေးကြောင့် ပြိုကျနေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင် မြို့နယ်၊ လေးအိမ်စုကျေးရွာအုပ်စု၊ ကုက္ကိုလ်စုကျေးရွာ၌ (၉-၁-၂၀၂၄)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့်နေအိမ် (၂)လုံး၊ အိမ်ထောင်စု (၂)စုမှ လူဦးရေ (၁၂)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၂၅,၂၀ဝ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀ဝ/-)၊စုစုပေါင်း ထောက်ပံ့ငွေ (၂၂၅,၂၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ(၂)ပုံးနှင့်စက္ကူပုံး(၂)ပုံးတို့အား  (၉-၁-၂၀၂၄) ရက်နေ့၊ (၁၅:၃၀)နာရီအချိန်တွင်   မအူပင်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့် ပြည်သူများထံ​ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ) … Read more

  • လေပြင်းဘေးကြိုတင်ကာကွယ်ရေး အစည်းအဝေးကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁-၂၀၂၄)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် တပ်ကုန်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦစီးဌာန၊ အစည်းအဝေးခန်းမ၌ လေပြင်းဘေးကြိုတင် ကာကွယ်ရေးအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တိုင်းဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး၊ တပ်ကုန်းမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများမှ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ အမျိုးသမီးဦးဆောင်သောအိမ်ထောင်စုများမှ ကြံ့ခိုင်မှုမရှိသော နေအိမ်များနှင့် မဖြစ်မနေပြုပြင်ရန် လိုအပ်သောနေအိမ်များအား ပြန်လည်ပြုပြင်မွမ်းမံပြင်ဆင်ခြင်း စသည့် … Read more