ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ အ.မ.က(ချောင်းငယ်)ကျောင်း၌ သဘာဝဘေးအသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၂၄)ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ အ.မ.က(ချောင်းငယ်)ကျောင်း၌ ကျောင်းသူ/ကျောင်းသားနှင့် ဆရာ/ဆရာမ(၁၀၀)ဦးခန့်အား သဘာဝဘေးအသိပညာ‌‌‌‌‌‌ပေး‌‌‌‌‌ဟောပြောပွဲပြုလုပ်ဆောင်ရွက်ခြင်း၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ဗွီနိုင်းပိုစတာ ဖြန့်ဝေခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_jan2024 Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • တနင်္သာရီမြို့နယ်၊ အ.ထ.က(တနင်္သာရီ) ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁-၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် တနင်္သာရီမြို့နယ်ရှိ အ.ထ.က(တနင်္သာရီ)ကျောင်းတွင် ကျောင်းသူ/ကျောင်းသားများ၊ ဆရာ/ဆရာမများ စုစုပေါင်း (၁၅၀)ဦးခန့်တို့အား သဘာဝဘေးအသိပညာ‌‌‌‌‌‌ပေး‌‌‌‌‌ ဟောပြောပွဲပြုလုပ် ဆောင်ရွက်ခြင်း၊ သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်းပိုစတာ ဖြန့်ဝေပေးခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #tny_jan2024

  • လပွတ္တာမြို့နယ်၊ သပြုကုန်းကျေးရွာအုပ်စု၊ ချောင်း၀ကုန်းကျေးရွာ မီးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် လပွတ္တာမြို့နယ်၊ သပြုကုန်းကျေးရွာအုပ်စု၊ ချောင်း၀ကုန်းကျေးရွာ၌ (၁၈-၁-၂၀၂၄)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်း ပျက်စီးခဲ့သော နေအိမ် (၁)လုံး၊  အိမ်ထောင်စု (၁)စုမှ လူဦးရေ(၂)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၁)ပုံး၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ(၄,၂၀ဝ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၄,၂၀ဝ/-)ကျပ်တို့အား (၁၉-၁-၂၀၂၄) ရက်နေ့၊ (၁၂:၁၅) နာရီ ချိန်တွင်  တာ၀န်ရှိသူများနှင့်အတူ  ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more

  • ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ တာဂွကျေးရွာအုပ်စု၊ ဗမာဂုံညှင်းတန်းကျေးရွာ ၌ တောဆင်ရိုင်းဝင်ရောက်မှုကြောင့် ဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီး ခရိုင်၊ တိုက်ကြီးမြို့နယ်၊ တာဂွကျေးရွာအုပ်စု၊ ဗမာဂုံညှင်းတန်းကျေးရွာ၌ (၁၁-၁-၂၀၂၄) ရက်နေ့၊ (၁၅:၃၀) နာရီအချိန်ခန့်တွင် တောဆင်ရိုင်းဝင်ရောက်ဖျက်ဆီးမှုကြောင့် လုံးဝပျက်စီးနေအိမ် (၁)လုံး၊ တစ်စိတ်တစ်ပိုင်းနေအိမ် (၁)လုံး ပျက်စီးခဲ့ပြီး၊ ဘေးသင့်အိမ်ထောင်စု(၂)စု၊ လူဦးရေ (၁၀)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၁,၀၀ဝ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၅၀,၀၀ဝ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၇၁,၀၀ဝ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး အိမ်ထောင်စု(၁)စုစာ ကယ်ဆယ်ရေး ပစ္စည်းတန်းဖိုး (၆၅,၇၆၂/-)တို့အား (၁၇-၁-၂၀၂၄) ရက်နေ့(၁၂:၃၀)အချိန်တွင် တိုက်ကြီးမြို့နယ် … Read more

  • ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ ဣန္ဒြာ(၁၂)လမ်း၌ မီးလောင်မှုကြောင့် ဘေးသင့်ခဲ့သည့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ ဣန္ဒြာ(၁၂)လမ်း၌ (၁၂-၁-၂၀၂၄)ရက်နေ့၊ (၀၉:၁၀)အချိန်ခန့်တွင် ဖိနပ်ကော်အား ဓါတ်ဆီဖြင့် ရော၍ မော်တာဖြင့် ရောမွှေနေစဉ် မော်တာဂျန့်ဖြစ်ကာ မီးပွားထွက်ပြီး ဓါတ်ဆီနှင့် ဖိနပ်ကော်ရောမွှေထားသော ပုံးအတွင်း မီးပွားကျ၍ မီးလောင်မှုကြောင့် နေအိမ်(၄)လုံး လုံးဝပျက်စီးခဲ့ပြီး မီးဘေးသင့်အိမ်ထောင်စု(၁)စု၊ လူဦးရေ(၆)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁,၂၆၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၈၀၀,၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၈၁၂,၆၀ဝိ/-)၊ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လူတစ်ဦးလျှင် Mask (၂)ခုနှုန်းဖြင့် Mask (၁၂)ခု၊ … Read more

  • မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်   အ.ထ.က(ကဿဖ)၌ သဘာဝဘေးအသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁-၂၀၂၄)ရက်နေ့၊ (၁၀း၃၀)နာရီအချိန်မှ(၁၂း၀၀)နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်   အ.ထ.က(ကဿဖ)ရှိ ​ကျောင်းသား/သူအင်အား(၁၅၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရမည့်  ဆောင်ရန်/ရှောင်ရန်အချက်များအား ​ဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာ​စောင်ဖြန့်ဝေခြင်း၊ ဗီနိုင်းပိုစတာနှင့် Mask ဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_jan2024 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)