ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ကော့သောင်းမြို့နယ်၊ ပိတောက်ရွှေဝါရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်၊ အဏ္ဏဝါရပ်ကွက်နှင့် ရွှေဟင်္သာရပ်ကွက်တို့တွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၂-၅-၂၀၂၄) ရက်နေ့တွင် ကော့သောင်း မြို့နယ်၊ ပိတောက်ရွှေဝါရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်၊ အဏ္ဏဝါရပ်ကွက်နှင့် ရွှေဟင်္သာရပ်ကွက်တို့၌ မိုးကြို ကာလအတွင်း ဖြစ်ပွားလေ့ရှိသော လေပြင်းဘေးအန္တရာယ်နှင့် မိုးကြိုး‌ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များအား ပြည်သူများသိရှိစေရန်အတွက် လိုက်လံနှိုးဆော်အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_may_2024 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ဝါးခယ်မမြို့နယ်၊ ကျွန်းကုန်းကျေးရွာနှင့် အောက်ဥယျာဉ်စုကျေးရွာများ၌ လေပြင်းဘေးနှင့် မိုးကြိုးဘေး အန္တရာယ်ဆိုင်ရာ သဘာဝဘေးအသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးနှင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၄) ရက်နေ့တွင် ဝါးခယ်မမြို့နယ်၊ ကျွန်းကုန်းကျေးရွာနှင့် အောက်ဥယျာဉ်စုကျေးရွာများ၌ မိုးကြိုကာလအတွင်း ဖြစ်ပွားလေ့ရှိသော လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/‌ ရှောင်ရန် အချက်များအား ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများသိရှိစေရန်အတွက် လိုက်လံနှိုးဆော်အသိပညာ ပေးခြင်း၊ ဗီနိုင်းပိုစတာနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #‌ayy_may_2024 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • အင်္ဂပူမြို့နယ်၊ ခြောက်ကျေးရွာအုပ်စု၊ မှတ်တိုင်ကျေးအုပ်စု၊ ကံဘက်ကျေးရွာအုပ်စု၊ ခွေးတောက်ချောင်းကျေးရွာအုပ်စုနှင့် အိုးကွဲကျေးရွာအုပ်စု တို့တွင်ဖြစ်ပွားခဲ့သော လေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ခြောက်ကျေးရွာအုပ်စုနှင့် မှတ်တိုင်ကျေးရွာအုပ်စုတို့ရှိ ကျေးရွာခွဲ(၂)ရွာတို့၌ (၅-၅-၂၀၂၄) ရက်နေ့၊ (၁၇:၄၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၂)လုံး(ဝါးအိမ်)အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀,၀၀ဝိ/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၇၉၀၀ဝိ/-)ကျပ်၊ အိမ်ထောင်စု(၇)စုမှ လူဦးရေ(၂၈)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၅၈၈၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၃၃၇၈၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုးပါ အိမ်ထောင်စု(၂)စုစာအတွက် တန်ဖိုးငွေ(၁၁၅,၃၇ဝိ/-)ကျပ်အားလည်းကောင်း၊ ကံဘက်ကျေးရွာအုပ်စု၊ ခွေးတောက်ချောင်းကျေးရွာအုပ်စုနှင့် အိုးကွဲကျေးရွာအုပ်စုတို့ရှိ ကျေးရွာခွဲ (၅)ရွာတို့၌ (၈-၅-၂၀၂၄) ရက်နေ့၊ (၂၁:၃၅)နာရီအချိန်တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁)လုံး(ဝါးအိမ်) အတွက် … Read more

  • တိုက်ကြီးမြို့နယ်၊ ဆင်ခြံကျေးရွာအုပ်စု၊ မွတ်သားကျေးရွာနှင့် ဥက္ကံ‌ကံကုန်း ကျေးရွာတို့၌ မိုးကြိုးဘေး ထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၅-၅-၂၀၂၄)ရက်နေ့၊ (၁၆း၃၀) နာရီအချိန်တွင် တိုက်ကြီးမြို့နယ်၊ ဆင်ခြံကျေးရွာအုပ်စု၊ မွတ်သားကျေးရွာနှင့် ဥက္ကံ‌ကံကုန်း ကျေးရွာတို့တွင် မိုးကြိုးပစ်ခံရမှာကြောင့် သေဆုံးသူ(၂)ဦးအား စုစုပေါင်းထောက်ပံ့ငွေ (၆၀၀,၀၀၀/-)တို့အား   (၉-၅-၂၀၂၄)ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် ပြည်သူများ၏လက်၀ယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #‌ygn_may_2024 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • အိမ်မဲမြို့နယ်၊ ရွာသစ်ကျေးရွာနှင့် ကွင်းယားကျေးရွာများ၌ လေပြင်းဘေးနှင့် မိုးကြိုးဘေး အန္တရာယ်ဆိုင်ရာ သဘာဝဘေးအသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးနှင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၂၄) ရက်နေ့တွင် အိမ်မဲမြို့နယ်၊ ရွာသစ်ကျေးရွာနှင့် ကွင်းယားကျေးရွာများ၌ မိုးကြိုကာလအတွင်း ဖြစ်ပွားလေ့ရှိသော လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/‌ ရှောင်ရန်အချက်များအား ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများသိရှိစေရန်အတွက် လိုက်လံနှိုးဆော်အသိပညာပေးခြင်း၊ ဗီနိုင်းပိုစတာနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #‌ayy_may_2024 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ဇေယျာသီရိမြို့နယ်၊ သုဇနကာရီနယ်စပ်ဒေသတိုင်းရင်းသားလူငယ်ဖွံဖြိုးရေးပရဟိတသာသနာပြု ကျောင်း၌ သဘာဝဘေးအသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၅.၂၀၂၄) ရက်နေ့၊ (၀၉း၃၀)နာရီအချိန်မှ (၁၁း၃၀)နာရီအချိန်ထိ ဇေယျာသီရိမြို့နယ်၊ သုဇနကာရီနယ်စပ်ဒေသတိုင်း ရင်းသားလူငယ်ဖွံဖြိုးရေးပရဟိတသာသနာပြုကျောင်းမှ ကျောင်းသား/သူ စုစုပေါင်း(၁၁၀)ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် သဘာဝဘေးအသိပညာပေးဟောပြောပွဲများကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများ၊ ဘောပင်၊ ခဲတံနှင့်ဗလာစာအုပ်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_may_2024 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး(ဘစမ)