ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • လပွတ္တာမြို့၊ အမှတ် (၄၊၅၊၆)ရပ်ကွက်၊ ရွေးနဒီရေပေါ်ဈေးနှင့် ပုလဲဆိပ်တံတားတို့၌ မိုးကြိုကာလအတွင်း ဖြစ်ပွားလေ့ရှိသော လေပြင်းဘေးနှင့်မိုးကြိုးဘေးများအတွက် အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထား‌ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၄) ရက်နေ့တွင် လပွတ္တာမြို့၊ အမှတ် (၄၊၅၊၆)ရပ်ကွက်၊ ရွေးနဒီရေပေါ်ဈေးနှင့် ပုလဲဆိပ်တံတားတို့၌ မိုးကြိုကာလအတွင်း ဖြစ်ပွားလေ့ရှိသော လေပြင်းဘေးနှင့် မိုးကြိုးဘေးများအတွက် ဆောင်ရန်/ ရှောင်ရန် အချက်များကို ပြည်သူများသိရှိစေရန် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့‌ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါ သည်။ #ar #‌ayy_may_2024 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ကလောမြို့နယ်အတွင်းရှိ သောက်သုံးရေ ရှားပါးပြတ်လပ်နေသည့် ရပ်ကွက်/ကျေးရွာများတွင် သောက်သုံးရေ ဖြန့်ဝေလှူဒါန်းမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထား‌ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၄)‌နေ့မှစ၍ ကလောမြို့နယ်အတွင်းရှိ သောက်သုံးရေ ရှားပါးပြတ်လပ်နေသည့် ရပ်ကွက်/ကျေးရွာများသို့ သောက်သုံးရေ ထောက်ပံ့သည့် လုပ်ငန်းဆောင်ရွက်လျက်ရှိရာ (၁၄-၅-၂၀၂၄) ရက်နေ့တွင် ရေဂါလံပေါင်း (၄,၃၀၀) ကျော် ထောက်ပံ့ပြီးစီးပြီဖြစ်၍ ကလောမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသည့် ရပ်ကွက်/ ကျေးရွာအုပ်စု (၂၅) ခု သို့ မေလအတွင်း ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ပြည်သူများ၏ သောက်သုံးရေလိုအပ်ချက် ဂါလံ (၁၅၀,၀၀၀) ကျော်ကို  ပြည့်မီအောင်ထောက်ပံ့နိုင်ရေး ကလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ … Read more

  • လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် သဘာဝဘေးအသိပညာပေးပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃.၅.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀) အချိန်မှစ၍ လယ်ဝေးမြို့နယ်အတွင်းရှိ သီရိမင်္ဂလာစျေး၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက်၊ မြို့ဦးဓမ္မာရုံ ၊ အောင်ဇေယျ၊ ရေအိုးစင်၊ မြွေရိုးလေး၊ ပတ္တာ၊ ရှမ်းချောင်း၊ ငှက်ပျောတော၊ သပြေပင်၊ နောင်ဘို၊ ကြောင်ရေ၊ကံသာ၊ သော်မှော်ကုန်း၊ ကျွန်းကုန်း ကျေးရွာများတွင် သဘာဝဘေး အန္တရာယ်များအနက် ယခုကာလတွင်ဖြစ်ပေါ်တတ်သည့် မိုးကြိုးဘေးအန္တရာယ်၊ လျှပ်စီးဘေးအန္တရာယ်နှင့် လေပြင်းဘေးအန္တရာယ်တို့ ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဥ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား ပြည်သူများသို့ … Read more

  • ဘီးလင်းမြို့နယ် ၊ ကန်သာယာရပ်ကွက်နှင့် ဗန္ဓုလရပ်ကွက်တွင် သောက်သုံးရေထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၂၄) ရက်နေ့တွင် သောက်သုံးရေ ရှားပါးပြတ်လပ်နေသည့် ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်နှင့် ဗန္ဓုလရပ်ကွက်အတွင်းရှိ ပြည်သူများ အတွက် သောက်သုံးရေ (၃,၂၀၀) ဂါလံအား ဖြန့်ဝေလှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #mon_may_2024 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)  

  • မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ အိမ်မဲမြို့နယ်နှင့် ဝါးခယ်မမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ အားထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးနှင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ အိမ်မဲမြို့နယ်နှင့် ဝါးခယ်မမြို့နယ်များသို့ ရောက်ရှိနေကြသော တိုက်ပွဲရှောင်ပြည်သူ (၅၃) ဦးအတွက် လူတစ်ဦးလျှင် ဆန်နို့ဆီ (၂)ဗူးနှုန်းဖြင့် (၃) လစာထောက်ပံ့ပေးသည့် ဆန်(၄၉) အိတ်အား မြောင်းမြခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #ayy_may_2024 #Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • သထုံခရိုင်၊ သထုံမြို့နယ်၊ လိပ်အင်းရပ်ကွက်တွင် သောက်သုံးရေထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၂၄) ရက်နေ့တွင် သောက်သုံးရေရှားပါး ပြတ်လပ်နေသည့် မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ လိပ်အင်းရပ်ကွက်အတွင်းရှိ ပြည်သူများအတွက် သောက်သုံးရေ (၁,၆၀၀) ဂါလန်အား သထုံမြို့နယ်၊ မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ ဖြန့်ဝေလှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #mon_may_2024 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)