Latest News
-
ကော့သောင်းမြို့နယ်၊ ပုလိုတုံတုံးကျေးရွာ၌ သဘာဝဘေးအသိပညာပေး ပြုလုပ်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၁-၅-၂၀၂၄) ရက်နေ့တွင် ကော့သောင်းမြို့နယ်၊ ပုလိုတုံတုံးကျေးရွာ၌ မိုးကြိုကာလအတွင်း ဖြစ်ပွားလေ့ရှိသော လေပြင်းဘေးအန္တရာယ်နှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များအား ရပ်ကွက်၊ကျေးရွာပြည်သူများသိရှိစေရန်အတွက် လိုက်လံနှိုးဆော်အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_may_2024 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လပွတ္တာမြို့နယ်၊ လွှဇာကျေးရွာအုပ်စု၊ ရွှေကျွန်းသာကျေးရွာ၌ ဖြစ်ပွားခဲ့သော မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် လပွတ္တာမြို့နယ်၊ လွှဇာကျေးရွာအုပ်စု၊ ရွှေကျွန်းသာကျေးရွာ၌ (၁၈.၅.၂၀၂၄)ရက်နေ့၊ (၁၇:၃၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့ သော မိုးကြိုးဘေးကြောင့် သေဆုံးခဲ့သူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-)အား လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဠ၊ အဖွဲ့၀င်(၁)၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၂၁.၅.၂၀၂၄)ရက်နေ့၊ (၀၉:၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူ၏ မိသားစုထံသို့ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #ayy_may_2024 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ သပြေစမ်းကျေးရွာအုပ်စု၊ အောင်သီရိကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ သပြေစမ်းကျေးရွာအုပ်စု၊ အောင်သီရိကျေးရွာ၌ (၂၀.၅.၂၀၂၄)ရက်နေ့၊ (၀၆:၀၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀ိ/-)၊ ဘေးသင့်လူဦးရေ (၉) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၈,၉၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၈,၉၀၀ိ/-) တို့အား သပြေစမ်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ပုဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #npw_may_2024 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ကညင်ကုန်းကြီးကျေးရွာအုပ်စု၌ ဖြစ်ပွားခဲ့သော မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ကညင်ကုန်းကြီးကျေးရွာအုပ်စု၌ (၁၈-၅-၂၀၂၄)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၀,၀၀၀ိ/-)၊ အိမ်ထောင်စု(၃)စုမှ လူဦးရေ(၁၂)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၅,၂၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၇၅,၂၀၀ိ/-)တို့အား (၂၀-၅-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မီးဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #ayy_may_2024 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သထုံခရိုင်၊ စျေးမသွယ်အထက်ကျေးရွာနှင့် စျေးမသွယ်အောက်ကျေးရွာတို့၌ သဘာဝဘေးအသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၀-၅-၂၀၂၄) ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ စျေးမသွယ်အထက်ကျေးရွာနှင့် စျေးမသွယ်အောက်ကျေးရွာတို့တွင် မိုးကြိုကာလအတွင်းဖြစ်ပွားလေ့ရှိသော လေပြင်းဘေးနှင့် မိုးကြိုဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆောင်ရန်/ ရှောင်ရန်အချက်များအား ပြည်သူများ သိရှိစေရန်အတွက် လိုက်လံနှိုးဆော်အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_may_2024 Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေးမျက်နှာမြို့နယ်၊ ခမောက်စုကျေးရွာအုပ်စု၌ သဘာဝဘေးအသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၂၄) ရက်နေ့တွင် လေးမျက်နှာ မြို့နယ်၊ ခမောက်စုကျေးရွာအုပ်စုအတွင်း လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များအား ရပ်ကွက်နေပြည်သူများ သိရှိနိုင်စေရန် လိုက်လံနှိုးဆော်အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may_2024 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)









