Latest News
-
တွံ့တေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၅-၂၀၂၄) ရက်နေ့ (၁၃း၀၀) နာရီအချိန်မှ (၁၄း၃၀) နာရီအချိန်အထိ တွံ့တေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးမှူး/ ရပ်ကျေးစာရေးများနှင့် ပြည်သူလူထု (၂၀၀) တို့အား လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များသိရှိနိုင်စေရန်အတွက် သဘာဝဘေး အသိပညာပေးဆွေးနွေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ygn_may_2024 Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ရေကြီးခြင်းသတိပေးချက်
ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀) နာရီအချိန် တိုင်းထွာချက်အရ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ် မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၂) ပေခွဲခန့် (၇၂ စင်တီမီတာ) တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက် (၁) ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ မြစ်ငယ်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
-
တွံ့တေးခရိုင်၊ တွံ့တေးမြို့နယ်၊ ပိတ်စွယ် အ.မ.က စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၅-၂၀၂၄) ရက်နေ့ (၁၁း၀၀) နာရီမှ (၁၂း၃၀) နာရီအချိန်အထိ တွံ့တေးခရိုင်၊ တွံ့တေးမြို့နယ်၊ ပိတ်စွယ် အ.မ.က စာသင်ကျောင်းတွင် ပြည်သူလူထု (၂၀၀) တို့အား လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များအား သိရှိနိုင်စေရန်အတွက် သဘာဝဘေးအသိပညာပေး ဆွေးနွေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ygn_may_2024 Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ် (၅/၂၀၂၄) ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများသည် သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်နိုင်ရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ် (၅/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို (၂၈-၅-၂၀၂၄) ရက်နေ့တွင် ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် နံနက် (၀၉:၀၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး (၂၈-၅-၂၀၂၄) ရက်နေ့မှ (၃၀-၅-၂၀၂၄) ရက်နေ့အထိ (၃) ရက်တာ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သူများ၊ စုစုပေါင်း (၈၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
ဟင်္သာတမြို့နယ်၊ ဟင်္သာတ-တလုတ္ထော်-မြန်အောင် ကားလမ်းတွင် ဖြစ်ပွားခဲ့သော လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ ဟင်္သာတ-တလုတ္ထော်-မြန်အောင် ကားလမ်း၌ (၂၅-၅-၂၀၂၄) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် သစ်ပင်ပိဒဏ်ရာရလူနာ (၂) ဦးအတွက် တစ်ဦးလျှင် (၅၀,၀၀၀)နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၁၀၀,၀၀၀) အား (၂၇-၅-၂၀၂၄) ရက်နေ့ (၁၃:၃၀) အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha-sgw #ayy_may_2024 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၂/၂၀၂၄) ဖွင့်ပွဲ အခမ်းအနားပြီးစီးမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ ဦးဆောင်၍ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၂/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို မြောင်းမြမြို့နယ်၊ ပရဟိတဂေဟာတွင် (၂၇-၅-၂၀၂၄) ရက်နေ့၊ နံနက်(၀၈:၀၀)အချိန်၌ ခရိုင်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့၊ ပရဟိတဂေဟာမှ တာဝန်ရှိသူများနှင့် သင်တန်းသား/သူများ စုစုပေါင်း(၅၀)ဦးတို့ဖြင့် ကျင်းပဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may_2024 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)









