ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့၊ အ.ထ.က (၄) စာသင်ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘားအံ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၇-၆-၂၀၂၄) ရက်နေ့၊ (၁၀:၀၀)အချိန်မှ (၁၂:၀၀) အချိန်ထိ ဘားအံမြို့၊ အ.ထ.က (၄) စာသင်ကျောင်း၌ ကျောင်းသား/သူ စုစုပေါင်း (၁၈၀) ဦးတို့အား ဘားအံခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အချက်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များနှင့် တောမီးအန္တရာယ်နှင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များ ဆွေးနွေးဟောပြောခြင်း၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ အမျိုးသမီးများနှင့်အရေးပေါ်အခြေအနေများဆိုင်ရာကိစ္စရပ်များ ဆွေးနွေးဟောပြောခြင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကိစ္စရပ်များ ဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့အပြင် ကျောင်းဝန်းအတွင်း၌  ဗီနိုင်းပိုစတာကပ်နှံနိုင်ရေးအတွက် လေပြင်းဘေးအသိပညာပေး … Read more

  • မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝါရီရူခန်းမ၌ “သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား) သင်တန်း” ဖွင့်ပွဲအခမ်းအနားကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်၊ ပေါင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၆-၂၀၂၄) ရက်နေ့ (၀၉:၀၀)နာရီအချိန်တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝါရီရူခန်းမ၌ “သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား) သင်တန်း” ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ကော်မတီဝင်များနှင့်  သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_jun_2024 Source:  ပေါင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)  

  • ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း မီးလောင်မှုကြောင့်ပျက်စီးဆုံးရှုံးမှုများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် နေအိမ်မီးလောင် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်(၂၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅,၄၀၀,၀၀၀)၊ အိမ်ထောင်စု(၂၇)စုမှ လူဦးရေ(၁၀၄)ဦးတို့အတွက် (၇)ရက်စာဆန်ရိက္ခာဖိုးငွေ (၂၁၈,၄၀၀)၊ စုစုပေါင်း(၅,၆၁၈,၄၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၂၇)အိမ်ထောင်စုစာတို့အား (၈-၆-၂၀၂၄)ရက်နေ့နှင့် (၁၀-၆-၂၀၂၄)ရက်နေ့တို့တွင် ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များနှင့် ကယ်ဆယ်ရေး/ထောက်ပံ့ရေးပစ္စည်းများ လက်ခံ၊ လွှဲပြောင်း၊ ထောက်ပံ့ရေးလုပ်ငန်း ကော်မတီများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #krn_jun_2024 Source:  ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကရင်ပြည်နယ်၊ ဘားအံမြို့၊တောင်တန်းသာသနာပြုဘုန်းကြီးကျောင်းတွင် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၆-၆-၂၀၂၄)ရက်နေ့၊ (၁၃:၀၀)အချိန်မှ (၁၅:၀၀) အချိန်ထိ ဘားအံမြို့၊ တောင်တန်းသာသနာပြုဘုန်းကြီးကျောင်းတွင် အသိပညာ​ပေးဟောပြောပွဲ ပြုလုပ် ဆောင် ရွက်ခဲ့ပါသည်။အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ  သဘာဝဘေး အန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များ၊ တောမီးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်သည့် အသိပညာပေး ဟောပြောမှုများအားလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများနှင့် အရေးပေါ်အခြေအနေ များဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကိစ္စရပ်များအားလည်းကောင်း … Read more

  • လှိုင်းဘွဲမြို့၊ အခြေခံပညာအလယ်တန်းကျောင်းတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၆-၂၀၂၄)ရက်နေ့၊ (၁၀:၀၀)အချိန်မှ (၁၂:၀၀) အချိန်ထိ လှိုင်းဘွဲမြို့၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းသား/သူ စုစုပေါင်း (၁၂၀)ဦးတို့ အား မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့် ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များ၊ တောမီးအန္တရာယ်နှင့် ရာသီ ဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်သည့် အသိပညာပေးဟောပြောမှုများအားလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများနှင့် အရေးပေါ်အခြေအနေများဆိုင်ရာ ကိစ္စရပ်များအားလည်း ကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း ဟောပြောဆွေးနွေးခဲ့ပြီး ဘေး(၉)မျိုး အသိပညာပေးလက်ကမ်းစာစောင် (၁၈၀)စောင်နှင့် … Read more

  • တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ သောက်သုံးရေထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (သန်လျင်)မှ တာဝန်ရှိသူများသည် (၁၄- ၆ -၂၀၂၄) ရက်နေ့တွင် လတ်တလော သောက်သုံးရေလိုအပ်မှုရှိသည့် တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ရပ်ကွက်(၄) ရပ်ကွက်တို့ရှိ  လူဦးရေ (၄၀၅၀)ဦးတို့အတွက်  သောက်သုံးရေဂါလံ (၂၇၀,၀၀၀)အား သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ha_drg #ygn_jun2024 Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီမှူးရုံး (ဘစမ)