Category Archives: News
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ ဆောင်ရန်ရှောင်ရန်များအား အသိပညာပေးဟောပြောဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀.၃.၂၀၂၀)ရက်နေ့ နံနက် (၀၈:၀၀) အချိန်မှ (၁၂:၀၀) အချိန်အထိ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးနှင့်အတူပူးပေါင်း၍ မြင်ကဝကျေးရွာအုပ်စုရှိ မြင်ကဝကျေးရွာ၊ အောက်ဆိပ်ကျေးရွာ၊ ဆူးလေကုန်းကျေးရွာနှင့် ကျီးပင်ကျေးရွာတို့တွင်လှည့်လည်၍ Covid 19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_mar2020 Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လောက်ကိုင် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀) ရက်နေ့တွင် လောက်ကိုင်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် လောက်ကိုင်မြို့ပေါ်ရပ်ကွက်ဖြစ်သော ရပ်ကွက် (၂) တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို အသိပေးဟောပြောခြင်း၊လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_mar2020 Source: လောက်ကိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်း၊ မီးသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၃၀-၃-၂၀၂၀) ရက်နေ့ နေ့လည် (၁၅:၃၀)နာရီအချိန်မှ စတင်ပြီး ဟင်္သာတမြို့နယ်၊ (လယ်တီ၊ ကျုံတုံး၊ ကုလားခတ်၊ လိပ်ချောင်း)အုပ်စုများအတွင်းရှိ ကျေးရွာများသို့လှည့်လည်ပြီး လတ်တလောဖြစ်ပွါးလျှက်ရှိသော COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် တို့အား ရပ်ကွက်/ ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟော ပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_mar2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်အထိ မော်လမြိုင်မြို့ရှိ တောင်ဝိုင်းရပ်ကွက်၊ မြိုင်သာယာရပ်ကွက်နှင့် ကျိုက်မရောမြို့နယ်ရှိ ရေတွင်းကုန်းကျေးရွာ၊ ပဲန္နဲကုန်းကျေးရွာများ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_mar2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀) ရက်နေ့ (၁၀:၀၀)နာရီမှ စတင်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်အုပ်စု ဒေါက်ရပ်ကျေးရွာ၊ ခဲမောက် ကျေးရွာ၊ တက်တူကုန်းကျေးရွာ၊ ရွှေအင်ဒုံကျေးရွာနှင့် တောင်ကလေးကျေးရွာတို့တွင် COVID -19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိပညာပေးကြေငြာခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_Mar2020
-
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးသို့ လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း CDA မှ အသံချဲစက်လာ ရောက်လှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတ ခရိုင်ဦးစီးမှူးရုံးမှ COVID 19 ရောဂါကူးစက်ပျံ့နှံမှုများမဖြစ်ပွါးစေရန်အတွက် ပြည်သူများသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ငွေကျပ် နှစ်သိန်းတန်ဖိုးရှိ အသံချဲ့စက် (၂)လုံး၊ Microphone (၁)လုံး၊ Amplifier (၁)လုံးတို့ကို လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း CDA မှ (၃၁-၃-၂၀၂၀) ရက်နေ့တွင် ဟင်္သာတခရိုင်ဦးစီးမှူးရုံးသို့ လာရောက် လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_mar2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀) ရက်နေ့၊ (၀၉:၄၀) နာရီအချိန်မှ (၁၈:၃၀) နာရီအချိန်အထိ ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်ကျေးရွာ၊ ရှားတောကျေးရွာ၊ ဒဏ္ခိသီရိမြို့နယ်၊ ချိုင်းကျေးရွာ၊ ကျားကူး(ရှေ့) ကျေးရွာ၊ ရန်အောင်မြင်ကျေးရွာ၊ တောင်ကျောင်းစုကျေးရွာ၊ ဝက်စုကျေးရွာ၊ လယ်ဝေးမြို့နယ်၊ မှန်တောကျေးရွာ၊ ဗောဓိကုန်းကျေးရွာ၊ သက်ကယ်ချင်းကျေးရွာ၊ ဇောင်ချမ်းကုန်ကျေးရွာ၊ ဝက္ကမူကျေးရွာများအတွင်း၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_mar2020 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)
-
တောင်ငူခရိုင်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်သူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
COVID -19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်များ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့ (၁၅:၀၀)နာရီအချိန်မှ (၂ဝ:၀၀) နာရီ အချိန်ထိ မင်းလှမြို့ပေါ်(၁)ရပ်ကွက်မှ (၈)ရပ်ကွက်များသို့ လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါနှင့်ပတ်သက် ပြီး ဆောင်ရန်/ ရှောင်ရန် တို့အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးကြေညာခဲ့ပါကြောင်း သိရှိရပါ သည်။ #ar #bgo_mar2020 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀) ရက်နေ့တွင် ဟိုပန်မြို့ဝင်/ထွက်၊ မုံကွန်ကျေးရွာ ကြံခင်း နှင့် ဖာလင်းကျေးရွာတို့၌ Covid-19 ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များ ကို အသိပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_Mar2020









