
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတ ခရိုင်ဦးစီးမှူးရုံးမှ COVID 19 ရောဂါကူးစက်ပျံ့နှံမှုများမဖြစ်ပွါးစေရန်အတွက် ပြည်သူများသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ငွေကျပ် နှစ်သိန်းတန်ဖိုးရှိ အသံချဲ့စက် (၂)လုံး၊ Microphone (၁)လုံး၊ Amplifier (၁)လုံးတို့ကို လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း CDA မှ (၃၁-၃-၂၀၂၀) ရက်နေ့တွင် ဟင်္သာတခရိုင်ဦးစီးမှူးရုံးသို့ လာရောက် လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_mar2020
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)