လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်း၊ မီးသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၃၀-၃-၂၀၂၀) ရက်နေ့ နေ့လည် (၁၅:၃၀)နာရီအချိန်မှ စတင်ပြီး ဟင်္သာတမြို့နယ်၊ (လယ်တီ၊ ကျုံတုံး၊ ကုလားခတ်၊ လိပ်ချောင်း)အုပ်စုများအတွင်းရှိ ကျေးရွာများသို့လှည့်လည်ပြီး လတ်တလောဖြစ်ပွါးလျှက်ရှိသော COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် တို့အား ရပ်ကွက်/ ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟော ပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_mar2020
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)