Category Archives: News
-
COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ် ပန်းပဲတန်းရပ်ကွက်၊ မရမ်းကုန်းရပ်ကွက်၊ ဘိုကုန်းရပ်ကွက်၊ မောင်ငံရပ်ကွက်၊ မြိုင်သာယာရပ်ကွက်၊ မြေနီကုန်ရပ်ကွက် များတွင် Covid-19 ကူးစက်ရောဂါနှင့် ပက်သတ်၍ အသိပညာပေး ကြေညာခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_mar2020
-
Covid-19ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးပန်ကြားချက် လှည့်လည် ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀)ရက်နေ့တွင် ပေါက်ခေါင်းမြို့နယ်၊ မြို့ပေါ်ရပ်ကွက် (၅)ခုဖြစ်သော အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)၊ အမှတ်(၄)၊ အမှတ်(၅)ရပ်ကွက်များသို့ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောမှုများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #bgo_mar2020
-
Covid-19 ကူးစက်ရောဂါဆိုင်ရာ သိရှိလိုက်နာရန် အသိပညာပေးဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀)ရက်နေ့တွင် ကောလင်းမြို့နယ် မြေနီကျေးရွာအုပ်စုရှိမြေနီရွာ၊ ဆည်တိုကျေးရွာအုပ်စုရှိ ဆည်တိုကျေးရွာ၊ အင်းမကျေးရွာနှင့် အရှေ့ကုန်းကျေးရွာ၊ တောင်မော်ကျေးရွာအုပ်စုရှိ ချဉ်ပြစ်ခုံရွာ တောင်မော်ကျေးရွာတို့ Covid -19နှင့်ပတ်သိသည့် သိရှိလိုက်နာဆောင်ရွက်ရန် လှည့်လှည်အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_mar2020 Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀) ရက်နေ့တွင် မိုင်းဆတ်မြို့နယ်၊ နားမားကျေးရွာ၊ ရေပူစမ်းကျေးရွာ၊ ဖားအီကျေးရွာ၊ လွယ်ဆောင်ကျေးရွာ၊ ပါထန်ကျေးရွာနှင့် ဟိုနားကျေးရွာများသို့ လှည့်လည်ပြီး အသက်ရှုလမ်းကြောင်း ဆိုင်ရာ ကူးစက်ရောဂါ COVID-19နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး ပြည်သူသို့ ပန်ကြားချက်အသိပညာပေးမှုအား အသံချဲ့ စက်ဖြင့် လှည့်လည်ဟောပြောခြင်း နှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_mar2020 Source: မိုင်းဆတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးပန်ကြားချက် လှည့်လည် ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀) ရက်နေ့၊ နံနက် (၀၈:၃၀)နာရီမှ(၁၁:၁၅)နာရီအချိန်ထိလပွတ္တာမြို့နယ်၊ မောင်းဒီးကျေးရွာအုပ်စု၊ မောင်းဒီးကျေးရွာ၊ အစုလေးကျေးရွာ၊ ကျွန်းကလေးကျေးရွာများသို့ သွားရောက်၍ COVID-19 နှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များအား လိုက်နာဆောင်ရွက်သွားကြရန် အသံချဲ့စက်ဖြင့် လှည့်လည်၍ အသိပေးပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_mar2020
-
Covid-19 ကူးစက်ရောဂါဆိုင်ရာ ဆောင်ရန်ရှောင်ရန်များအား အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှုးရုံးမှတာဝန်ရှိသူများသည် မတ်လ (၃၀)ရက်နေ့တွင် လားရှိုးမြို့၊ မန်ဆူရှမ်းကျောင်း၌ Covid-19ရောဂါ ကူးစက်ပျံ့ပွားမှုလျော့နည်းစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူထံ အသိပေးပန်ကြားခြင်းကို အသံချဲ့စက်ကိုအသုံးပြု၍ ရှမ်းဘာသာ၊ မြန်မာဘာသာဖြင့် လည့်လည် ဆော်သြခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_mar2020 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၃-၂၀၂၀) ရက်နေ့တွင် ဝိုင်းမော်မြို့နယ်၊ ခတ်ချို အလယ်ပိုင်းကွက်သစ် IDPs စခန်းရှိ အိမ်ထောင်စု(၈၆) စုအတွက် ဆပ်ပြာ (၈၆) ခဲကိုပေးဝေခဲ့ပြီး ခပ်ချိုရပ်ကွက်၊ အမှတ်(၃) ရပ်ကွက်၊ ချမ်းမြေ့လူငယ် ဖွံ့ဖြိုးရေးဂေဟာ၊ မြို့မနှစ်ခြင်းစခန်း၊ မိုင်းနားဖွံ့ဖြိုးရေးခြံစခန်းတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kcn_mar2020 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ ဆောင်ရန်ရှောင်ရန်များအား အသိပညာပေးဟောပြောဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၃၀-၃-၂၀၂၀)ရက်နေ့တွင် (၈း၃၀)အချိန်မှစ၍ (၁၅း၀၀)အချိန်ထိ ဆားလင်းကြီးမြို့နယ်အတွင်းရှိ အေးကုန်းကျေးရွာ၊ ဖောင်းကတာမြောက်ရွာ၊ ဖောင်းကတာလက်ခုပ်ပင်ကျေးရွာ၊ ဖောင်းကတာရွာ၊ ဘင်းကားရွာ၊ ဖောင်းကတာစက်တွင်းကျေးရွာ၊ အုတ်ရှစ်ပြားကျေးရွာ၊ မယ်ဇလီကန်ကျေးရွာ၊ ထန်းပုကျေးရွာ၊ ထန်းဇင်ကျေးရွာ၊ နတ်စက်ကျေးရွာများအတွင်း အသံချဲ့စက်ဖြင့် Covid 19ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လိုက်နာရန်အချက်များအား ဆားလင်းကြီးမြို့နယ် လူမှုကူညီရေးကွန်ယက်နှင့်အတူ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါကြောင်းနှင့် ပြည်သူသို့ပန်ကြားချက်များအား ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_mar2020 Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့တွင် မြစ်ကြီးနားမြို့နယ်ရှိ တပ်ကုန်းနှစ်ခြင်း၊ တပ်ကုန်းဂါလိလဲ၊ တပ်ကုန်းဧမာနွေလ၊ တပ်ကုန်းစံပြနှစ်ခြင်း၊ တစ်ကုန်းရာဒါကောင်းဘီ COC၊ ဒူကထောင်နယ်မြေ(၄)၊ ဒူကထောင်နယ်မြေ(၅)၊ ဒူကထောင်နယ်မြေ(၁၄) IDPs တို့ရှိ အိမ်ထောင်စု (၂၅၁) စု တို့အတွက် ဆပ်ပြာတောင့်(၂၅၁) တောင့်ဖြန့်ဝေခဲ့ပြီး ယင်းစခန်းများနှင့် စခန်းတည်ရှိရာရပ်ကွက်များရှိ လမ်းဆုံ၊ လမ်းဂွများ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kcn_mar2020 Source: … Read more
-
COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)မှ တာဝန်ရှိသူများသည် (၃၁.၃.၂၀၂၀)ရက်နေ့ (၃း၀၀)နာရီအချိန်တွင် လွိုင်လင်မြို့ နယ်၊ နောင်ဟူးကျေးရွာ၊ ဝမ်လုံကျေးရွာတို့၌ Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ၊ ညွှန်ကြားချက်များ၊ ဥပဒေများကို ကျေးရွာမိဘပြည်သူများကို အသိပညာပေး ပန်ကြားခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_Mar2020









