လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၃၀-၃-၂၀၂၀)ရက်နေ့တွင် (၈း၃၀)အချိန်မှစ၍ (၁၅း၀၀)အချိန်ထိ ဆားလင်းကြီးမြို့နယ်အတွင်းရှိ အေးကုန်းကျေးရွာ၊ ဖောင်းကတာမြောက်ရွာ၊ ဖောင်းကတာလက်ခုပ်ပင်ကျေးရွာ၊ ဖောင်းကတာရွာ၊ ဘင်းကားရွာ၊ ဖောင်းကတာစက်တွင်းကျေးရွာ၊ အုတ်ရှစ်ပြားကျေးရွာ၊ မယ်ဇလီကန်ကျေးရွာ၊ ထန်းပုကျေးရွာ၊ ထန်းဇင်ကျေးရွာ၊ နတ်စက်ကျေးရွာများအတွင်း အသံချဲ့စက်ဖြင့် Covid 19ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လိုက်နာရန်အချက်များအား ဆားလင်းကြီးမြို့နယ် လူမှုကူညီရေးကွန်ယက်နှင့်အတူ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါကြောင်းနှင့် ပြည်သူသို့ပန်ကြားချက်များအား ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#sgg_mar2020
Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)