COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

31_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့တွင် မြစ်ကြီးနားမြို့နယ်ရှိ တပ်ကုန်းနှစ်ခြင်း၊ တပ်ကုန်းဂါလိလဲ၊ တပ်ကုန်းဧမာနွေလ၊ တပ်ကုန်းစံပြနှစ်ခြင်း၊ တစ်ကုန်းရာဒါကောင်းဘီ COC၊ ဒူကထောင်နယ်မြေ(၄)၊ ဒူကထောင်နယ်မြေ(၅)၊ ဒူကထောင်နယ်မြေ(၁၄) IDPs တို့ရှိ အိမ်ထောင်စု (၂၅၁) စု တို့အတွက် ဆပ်ပြာတောင့်(၂၅၁) တောင့်ဖြန့်ဝေခဲ့ပြီး ယင်းစခန်းများနှင့် စခန်းတည်ရှိရာရပ်ကွက်များရှိ လမ်းဆုံ၊ လမ်းဂွများ၌  COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#kcn_mar2020

Source:           ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

 

Sign Up

Upcoming Events