Category Archives: News
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ကရုဏာသုခကျန်းမာရေးစောင့်ရှောက်မှုအသင်းတို့နှင့် ပူးပေါင်း၍ (၅-၄-၂၀၂၀) ရက်နေ့၊ (၈:၃၀)နာရီမှ(၂:၀၀)နာရီအထိ မိုးမိတ်မြို့နယ်၊ သစ်ဆိမ့်ကုန်းအုပ်စု၊ သစ်ဆိမ့်ကုန်းကျေးရွာ၊ နဘူးကျေးရွာ၊ ပေကုန်းကျေးရွာ၊ ကင်းချောင်းကျေးရွာ၊ ကျောက်မောကျေးရွာ၊ အောင်မြေသာကျေးရွာနှင့် ဝဲပေါင်းကျေးရွာ(လီဆူ၊ ဗမာ) တို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှုများမဖြစ်စေရေးအတွက် လိုက်နာဆောင်ရွက်ရန်လိုအပ်ချက်များအား ပြည်သူသို့ ပန်ကြားခြင်းအစီအစဉ်ကို ဆောင်ရွက်ခြင်းနှင့် အသိပညာပေး ဗွီနိုင်းပိုစတာ ဆိုင်းဘုတ်များ ကပ်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ အုပ်ရှစ်ကျေးရွာအုပ်စု၌ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ (၅-၄-၂၀၂၀)ရက်နေ့၌ (၁၂၀၀)နာရီအချိန်တွင် လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက် ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေပြည်သူတို့အားအသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၄-၂၀၂၀) ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ဒိုးပရယ်ကျေးရွာအုပ်စု၊ ဒိုးပရယ်ကျေးရွာ၊ ဝှယ်သူတော်ကျေးရွာ၊ လောထောတနောကျေးရွာ၊ ဘီဆိုကျေးရွာ၊ ထီးဒူးလယ်ကျေးရွာနှင့် လျားဒူကျေးရွာနေ မိဘပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုမဖြစ်ပွားစေရေးအတွက် သိရှိလိုက်နာရန်အချက်မျာကို အသိပညာဖြန့်ဝေပေးခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခြင်း၊ နံရံကပ်စာစောင်များကပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ မာဃသဟာယ လူမှုအထောက်အကူပြုအဖွဲ့တို့ဖြင့်ပူးပေါင်းပြီး ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ တောမကျေးရွာ၊ ညောင်ဇဉ်ကျေးရွာများသို့(၅-၄-၂၀၂၀)ရက်နေ့ (၀၈:၃၀)နာရီမှ (၁၅:၃၀)နာရီအချိန်ထိ COVID-19 ရောဂါနှင့် ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူလူထု အသိပညာပေးပန်ကြားချက်များကို လှည့်လည် ဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သံတွဲမြို့နယ် သိမ်ကုန်းကျောင်းနာယကဆရာတော်နှင့် ပူးပေါင်း၍ (၅-၄-၂၀၂၀) ရက်နေ့၊ ည(၁၈:၀၀)နာရီမှ (၂၁:၃၀)နာရီချိန် အထိသံတွဲမြို့နယ်၊ ငပလီမြို့ ဂျိတ္တောရပ်ကွက်၊ မြပြင်ရပ်ကွက်၊ လင်းသာရပ်ကွက်အတွင်း လှည့်လည်ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ/ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပန်ကြားချက် များအား ပြည်သူလူထုသို့ အသိပညာပေးလှည့်လည် ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more
-
ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၄-၂၀၂၀) ရက်နေ့တွင် (၀၈း၃၀) နာရီမှ (၁၇း၃၀) နာရီအထိ ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၅)စုမှ ရွာပေါင်း (၁၅)ရွာနှင့် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၇)စုမှ ရွာပေါင်း (၁၃)ရွာ၊ စုစုပေါင်းကျေးရွာ(၂၈)ရွာမှ မိဘပြည်သူများအား Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးနှင့် စပ်လျဉ်းပြီး ပြည်သူအများ သိရှိလိုက်နာရမည့်အချက်များကို အသိပညာပေးပန်ကြားခြင်းတို့ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
-
ဘိုကလေးမြို့နယ်အတွင်းရှိ ကျေးရွာများ၌ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၄-၂၀၂၀) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ခနောင်ကျေးရွာအုပ်စု၊ ခနောင်ကျေးရွာ၌ (၀၉:၀၀) နာရီအချိန်တွင် လည်းကောင်း၊ ကနိကြီးကျေးရွာ၌ (၁၀:၀၀) နာရီအချိန်တွင်လည်းကောင်း၊ ရပ်ဖရုံကျေးရွာ၌ (၁၂:၀၀) နာရီအချိန်တွင်လည်းကောင်း Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်များ နှိုးဆော်ခြင်း လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာရှိ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ ကျေးရွာနေပြည်သူတို့အား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၄-၂၀၂၀) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ ပေစိကျွန်းကျေးရွာအုပ်စု၊ ပေစိကျေးရွာ၊ ကညင်ကောက်ကျေးရွာ၊ လင်းဝန်ကျေးရွာများ၌ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူအသိပညာပေး ပန်ကြားချက်များ လှည့်လည်ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
-
COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၅-၄-၂၀၂၀) ရက်နေ့ (၁၁:၀၀) အချိန်မှ (၁၄:၀၀) အချိန်အထိ ဥတ္တရသီရိမြို့နယ်၊ပန်းတင်ကျေးရွာ၊ မိုးစွေကျေးရွာ၊ အုတ်စက်-၂ကျေးရွာ၊ ရုံးကြီးကျေးရွာ၊ လဲဝန်းကျေးရွာနှင့် ညောင်ပင်ဝိုင်း ကျေးရွာများအတွင်းရှိ ပြည်သူများ အား လည်းကောင်း၊ (၁၄:၃၀) အချိန်မှ (၁၇:၂၀) အချိန်အထိ ဥတ္တရသီရိမြို့နယ်၊ဂွေးပင်ရိုးကျေးရွာ၊ မသိမ်ကျေးရွာ၊ ပိုးစာတောကျေးရွာ၊ သရက်တောကျေးရွာနှင့် တက်ရှိန်းကျေးရွာများအတွင်းရှိ ပြည်သူများအားလည်းကောင်း COVID-19 ရောဂါကူးစက်မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာ … Read more
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၄-၂၀၂၀) ရက်နေ့တွင် ပန်းတနော်မြို့နယ်၊ ရေလဲနှဲကော ကျေးရွာအုပ်စုရှိ ကျေးရွာခွဲ (၄) ရွာ၌ Covid-19 ရောဂါကူးစက်ပျံ့ပွားမှုများ မဖြစ်ပွားစေရန်တွက် အများပြည်သူ သိရှိလိုက်နာဆောင်ရွက်ရန်အချက်များအား လော်စပီကာ၊ ဟန်းစပီကာများဖြင့် လှည့်လည်ဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #ayy_apr2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)









