လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၄-၂၀၂၀) ရက်နေ့တွင် ပန်းတနော်မြို့နယ်၊ ရေလဲနှဲကော ကျေးရွာအုပ်စုရှိ ကျေးရွာခွဲ (၄) ရွာ၌ Covid-19 ရောဂါကူးစက်ပျံ့ပွားမှုများ မဖြစ်ပွားစေရန်တွက် အများပြည်သူ သိရှိလိုက်နာဆောင်ရွက်ရန်အချက်များအား လော်စပီကာ၊ ဟန်းစပီကာများဖြင့် လှည့်လည်ဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)