COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၅-၄-၂၀၂၀) ရက်နေ့ (၁၁:၀၀) အချိန်မှ (၁၄:၀၀) အချိန်အထိ ဥတ္တရသီရိမြို့နယ်၊ပန်းတင်ကျေးရွာ၊ မိုးစွေကျေးရွာ၊ အုတ်စက်-၂ကျေးရွာ၊ ရုံးကြီးကျေးရွာ၊ လဲဝန်းကျေးရွာနှင့် ညောင်ပင်ဝိုင်း ကျေးရွာများအတွင်းရှိ ပြည်သူများ အား လည်းကောင်း၊ (၁၄:၃၀) အချိန်မှ (၁၇:၂၀) အချိန်အထိ ဥတ္တရသီရိမြို့နယ်၊ဂွေးပင်ရိုးကျေးရွာ၊ မသိမ်ကျေးရွာ၊ ပိုးစာတောကျေးရွာ၊ သရက်တောကျေးရွာနှင့် တက်ရှိန်းကျေးရွာများအတွင်းရှိ ပြည်သူများအားလည်းကောင်း COVID-19 ရောဂါကူးစက်မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာ ပေးခြင်းကို ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

#ar
#npw_apr2020

Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events