Category Archives: News
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၂၀) ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျွန်းရွာကျေးရွာနှင့် ကဒါကျေးရွာတို့တွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား အသံချဲ့စက်များဖြင့် လှည့်လည်အသိပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_apr2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၂၀)ရက်နေ့၊ နံနက် (၈:၀၀)နာရီမှ (၁၄:၃၀)နာရီထိ ကလေးမြို့နယ် တောင်ဦး၊ ပြင်သာ၊ ကံပုလဲ၊ နှောညောင်ပင်၊ ရေလဲဦး၊ ပေါက်ခုံကျေးရွာများ သို့သွား ရောက်ခဲ့ပြီး COVID-19 ကူးစက် ရောဂါနှင့်ပက်သက်သော ရှောင်ရန်/ဆောင်ရန်အချက်များအား အသိပညာပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_apr 2020 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၂၀) ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ကဒါကျေးရွာနှင့် ကျုံစိန်ကျေးရွာတို့တွင် COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များကို ပြည်သူများသို့ အသိပညာ ပေးကြေငြာခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_apr2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ၊ နမ့်စန်မြို့နယ် ၊ မက်မွန်မုန်းကျေးရွာအုပ်စု ၊ လွိုင်ငင်းလေးကျေးရွာနေ ဦးလုံးကွတ်ခမ်းသည် (၆-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၄:၃၀) နာရီ အချိန်ခန့်တွင် သေနတ်ကျည်ထိမှန်၍ သေဆုံးခဲ့သောကြောင့် (၉-၄-၂၀၂၀) ရက်နေ့၊ (၁၅: ဝဝ)နာရီအချိန်တွင် သေဆုံးသူ၏မိသားစုထံသို့ ထောက်ပံ့ငွေကျပ် (၃၀၀၀၀၀/- )(သုံးသိန်းကျပ်တိတိ)အား သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #shn_apr2020 Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်မှစတင်၍ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ ကုန်းသာကျးရွာနှင့် ပြင်ရွာကျေးရွာအုပ်စု၊ ငှက်ပျောတောကျေးရွာတို့တွင် လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွား လျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်တို့အား ကျေးရွာ/ ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID_19 နှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၂၀)ရက်နေ့တွင် မိုးမောက်မြို့နယ်ရှိ မြို့သစ်ကျေးရွာနှင့် တာဆိုင်းကျေးရွာအတွင်းသို့ လှည့်လည်၍ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ COVID- 19 ကာကွယ်၊ တားဆီးထိန်းချုပ်ကုသရေးဆိုင်ရာ ပြည်သူသို့ ပန်ကြားချက်အသိပညာပေးမှုအား hand speakerများဖြင့် လှည့်လည်ဟောပြောခြင်းနှင့် အသိပညာပေး စာစောင်ကပ်ခြင်းများကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kcn_apr 2020 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် ရဲမှူး၊ မြို့နယ်ပြန်ဆက်၊ မြို့နယ်တိကုဌာနတို့နှင့်ပူးပေါင်း၍ (၉-၄-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီမှ စ၍ မိုင်းဖြတ်မြို့နယ်၊ နမ့်နန်း (ရှမ်း)ကျေးရွာ၊ နမ့်နန်း(အာခါ)ကျေးရွာတို့တွင် COVID-19 ရောဂါ ကူးစက် ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် လိုက်နာရန်၊ ဆောင်ရွက်ရန်များကို ကျေးရွာပြည်သူလူထုအား မြန်မာ၊ အာခါ၊ ရှမ်းဘာသာစကားတို့ဖြင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပက်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင် / မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သံတွဲမြို့နယ် ၊ သိမ်ကုန်းကျောင်းနာယကဆရာတော်၊ BHN Association INGO(ဂျပန်)နှင့် ပူးပေါင်း၍ ( ၉-၄-၂၀၂၀) ရက်နေ့၊ နံနက်(၈:၀၀)နာရီမှ (၁၂:၀၀)နာရီချိန်ထိ သံတွဲခရိုင်၊သံတွဲမြို့နယ် ၊ ကြက်စားချောင်ကျေးရွာ ၊ မျှော့ဝမ်းကျေးရွာ၊ ဒေါင်းပြင်ကျေးရွာအတွင်း လှည့်လည်ပြီး Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ပန်ကြားချက်များအား ပြည်သူလူထုသို့အသိပညာပေး … Read more
-
ချင်းတွင်းမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းနေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ အောင်ပန်းချောင် ကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာတွင် (၃၁-၃-၂၀၂၀) ရက်နေ့၊ (၀၉:၃၀) အချိန်၌ ချင်းတွင်း မြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ လူနေအိမ် (၇)လုံး၊ အိမ်ထောင်စု (၇) စု၊ လူဦးရေ(၂၆) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၀၀,၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၅၄,၆၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၇၅၄,၆၀ဝ/-) ကျပ်တို့အား (၉-၄-၂၀၂၀) ရက်နေ့၊(၁၅:၀၀)နာရီ အချိန်တွင် ရေစကြိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူး လက်ဝယ် … Read more
-
COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးတို့နှင့် ပူးပေါင်း၍ (၉-၄-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ မော်လမြိုင်ကျွန်းမြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများ၌ ဌာနမှပေးပို့ထားသော Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်အချက်များကို အသံဖိုင်ဖြင့်လည်းကောင်း၊ Hand Speaker ၊ Loud Speaker များဖြင့်လည်းကောင်း လှည့်လှည်၍ အသိပညာပေးကြေငြာမှုများ ဆောက်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး … Read more









