လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင် / မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သံတွဲမြို့နယ် ၊ သိမ်ကုန်းကျောင်းနာယကဆရာတော်၊ BHN Association INGO(ဂျပန်)နှင့် ပူးပေါင်း၍ ( ၉-၄-၂၀၂၀) ရက်နေ့၊ နံနက်(၈:၀၀)နာရီမှ (၁၂:၀၀)နာရီချိန်ထိ သံတွဲခရိုင်၊သံတွဲမြို့နယ် ၊ ကြက်စားချောင်ကျေးရွာ ၊ မျှော့ဝမ်းကျေးရွာ၊ ဒေါင်းပြင်ကျေးရွာအတွင်း လှည့်လည်ပြီး Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ပန်ကြားချက်များအား ပြည်သူလူထုသို့အသိပညာပေး လှည့်လည်ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဝေငှဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါ သည်။
#ar
#rke_apr2020
Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)