လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် ရဲမှူး၊ မြို့နယ်ပြန်ဆက်၊ မြို့နယ်တိကုဌာနတို့နှင့်ပူးပေါင်း၍ (၉-၄-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီမှ စ၍ မိုင်းဖြတ်မြို့နယ်၊ နမ့်နန်း (ရှမ်း)ကျေးရွာ၊ နမ့်နန်း(အာခါ)ကျေးရွာတို့တွင် COVID-19 ရောဂါ ကူးစက် ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် လိုက်နာရန်၊ ဆောင်ရွက်ရန်များကို ကျေးရွာပြည်သူလူထုအား မြန်မာ၊ အာခါ၊ ရှမ်းဘာသာစကားတို့ဖြင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#shn_apr2020
Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)