ချင်းတွင်းမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းနေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ အောင်ပန်းချောင် ကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာတွင် (၃၁-၃-၂၀၂၀) ရက်နေ့၊ (၀၉:၃၀) အချိန်၌ ချင်းတွင်း မြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ လူနေအိမ် (၇)လုံး၊ အိမ်ထောင်စု (၇) စု၊ လူဦးရေ(၂၆) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၀၀,၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၅၄,၆၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၇၅၄,၆၀ဝ/-) ကျပ်တို့အား (၉-၄-၂၀၂၀) ရက်နေ့၊(၁၅:၀၀)နာရီ အချိန်တွင် ရေစကြိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူး လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_rbe
#mgy_apr2020
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events