Category Archives: News
-
ပေါက်မြို့နယ်ရှိ ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၄-၂၀၂၀) ရက်နေ့၊ (၀၈:၃၀) နာရီအချိန်မှ (၁၁:၃၀) နာရီအချိန်ထိ ပေါက်မြို့နယ်၊ သပွတ်စုအုပ်စု၊ သပွတ်စုကျေးရွာ၊ သရက်လေးပင်ကျေးရွာများ၌ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန် ရှောင်ရန် အချက်များအား အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: ပေါက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၃-၄-၂၀၂၀) နံနက်(၈း၀၀) နာရီ အချိန်မှ (၁၈း၀၀) နာရီအချိန်ထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းတို့နှင့် ပူပေါင်း၍ ကျိုင်းတုံ -တာချီလိတ်လမ်း၊ နောင်နွန်းစုပေါင်းဂိတ်တွင် ကျိုင်းတုံမြို့တွင်းသို့ အ၀င်အထွက်ယာဥ်လိုင်းများတွင် စီးနှင်းလိုက်ပါသောခရီးသည်များအား COVID-19 ရောဂါပတ်သက်၍ ကျန်းမာရေး စစ်ဆေးခြင်း၊ မှတ်တမ်းကောက်ယူခြင်း၊ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၃-၄-၂၀၂၀) ရက်နေ့၊ (၀၈:၃၀) နာရီအချိန်မှ (၁၀:၃၀) နာရီအချန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ ခရိုက်ဒူးကျေးရွာနှင့် ခရိုက်နှီးဟုကျေးရွာအတွင်းရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား အသံချဲ့စက်များဖြင့် အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_apr2020 Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၄-၂၀၂၀)ရက်နေ့၊ နံနက်(၀၇:၃၀)နာရီအချိန်မှစတင်၍ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မြကန်သာရပ်ကွက်၊ ဂုန်နီစက်ရုံ၊ သရက်ကုန်းကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာ၊ပျဉ်းကတိုးကုန်းကျေးရွာ၊သစ်စိမ့်ကုန်းကျေးရွာ၊ တောင်ကလေးကျေးရွာ၊ ပိန္နဲကုန်းကျေးရွာ၊ ကန်ကြီးရပ်ကွက်၊ ရွှေဂုံတိုင်ရပ်ကွက်၊ ဘုရားချောင်းရပ်ကွက်၊ မြောင်းမြမြို့ အဝေးပြေးကားဝန်းတို့တွင် လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်တို့အား ကျေးရွာ/ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020
-
သရက်ခရိုင်၊ မင်းတုန်းမြို့နယ်ရှိ ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မြတ်ပါရမီပရဟိတအသင်းတို့ ပူးပေါင်း၍ (၁၂-၄-၂၀၂၀) ရက်နေ့တွင် သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ တံတားရွာမကျေးရွာ၊ မင်းရွာကိုင်းကျေးရွာ၊ သစ်စိမ့်ပင်ကျေးရွာ၊ ကန်လည်ကျေးရွာ၊ တောင်ဖီလာကျေးရွာနှင့် ညောင်ကြပ်ကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၃-၄-၂၀၂၀) ရက်နေ့၊ (၀၈:၃၀) နာရီအချိန်မှ (၁၁:၃၀) နာရီအချန်အထိ ပေါက်မြို့နယ် သပွတ်စုအုပ်စု၊ မြေခြားကျေးရွာ၊ ကျားသိုက်ကျေးရွာများ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: ပေါက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၄-၂၀၂၀)ရက်နေ့ ည (၂၀:၀၀) နာရီအချိန်မှ (၂၃:၀၀)နာရီချိန်အထိ စတင်ပြီး ဟင်္သာတမြို့နယ်၊ မြစ်ကွေ့ကျောင်းလမ်း၊ ဗိုလ်ချုပ်လမ်း၊ လက်သမားရပ်ကွက်၊ တာငါးဆယ်တောင်မြောက်၊ မအူပင်လမ်း၊ ညောင်ကုန်းရပ်ကွက်၊ ရေတံခွန်၄လမ်း) ရပ်ကွက်တို့တွင် လှည့်လည်ပြီးလတ်တလော ဖြစ်ပွားလျှက်ရှိသော COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်တို့ကို ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020
-
ကသာမြို့၊ မြို့ဝင်မြို့ထွက်ဂိတ်များ၌ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၄-၂၀၂၀) ရက်နေ့တွင် ကသာမြို့၊ မြို့ဝင်မြို့ထွက်ဂိတ်များ၌ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ စစ်ဆေးခြင်းများကို ကော်မတီအဖွဲ့ဝင်များနှင့်အတူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ #ar #sgg_apr2020 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၄-၂၀၂၀) ရက်နေ့ (၀၇:၃၀)နာရီမှ စတင်ပြီး ဘီးလင်းမြို့နယ်၊ ပိုင်ဒဝယ်ကျေးရွာအုပ်စုအတွင်းရှိ ပိုင်ဒဝယ်ကျေးရွာ၊ သရက်ကုန်းကျေးရွာ၊ ကျောင်းရွာ၊ လက်ပံကုန်းကျေးရွာ၊ ပိုင်ဒဝယ်အနောက်ကျေးရွာနှင့် ပိုင်ဒဝယ်အောက်ကျေးရွာတို့တွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိပညာပေးကြေငြာခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_apr2020
-
သရက်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ လယ်လှကျေးရွာအုပ်စု၊ လယ်လှကျေးရွာတို့တွင် (၁၀-၄၂၀၂၀)ရက်နေ့၊ (၁၇:၀၀)နာရီအချိန် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံးအမိုးလန်ပျက်စီးခဲ့ပြီး အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ စုစုပေါင်း(၄)ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၈၄၀ဝိ/-)နှင့် နေအိမ်(၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀ဝဝိ/-) ၊ ရန်ပုံငွေစုစုပေါင်း (၅၈၄၀ဝိ/-) အား (၁၃-၄-၂၀၂၀) ရက်နေ့တွင် မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ရှေ့မှောက်တွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020









