ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၄-၂၀၂၀)ရက်နေ့ ည (၂၀:၀၀) နာရီအချိန်မှ (၂၃:၀၀)နာရီချိန်အထိ စတင်ပြီး ဟင်္သာတမြို့နယ်၊ မြစ်ကွေ့ကျောင်းလမ်း၊ ဗိုလ်ချုပ်လမ်း၊ လက်သမားရပ်ကွက်၊ တာငါးဆယ်တောင်မြောက်၊ မအူပင်လမ်း၊ ညောင်ကုန်းရပ်ကွက်၊ ရေတံခွန်၄လမ်း) ရပ်ကွက်တို့တွင် လှည့်လည်ပြီးလတ်တလော ဖြစ်ပွားလျှက်ရှိသော COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်တို့ကို ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar
#ayy_apr2020

Sign Up

Upcoming Events