လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ လယ်လှကျေးရွာအုပ်စု၊ လယ်လှကျေးရွာတို့တွင် (၁၀-၄၂၀၂၀)ရက်နေ့၊ (၁၇:၀၀)နာရီအချိန် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံးအမိုးလန်ပျက်စီးခဲ့ပြီး အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ စုစုပေါင်း(၄)ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၈၄၀ဝိ/-)နှင့် နေအိမ်(၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀ဝဝိ/-) ၊ ရန်ပုံငွေစုစုပေါင်း (၅၈၄၀ဝိ/-) အား (၁၃-၄-၂၀၂၀) ရက်နေ့တွင် မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ရှေ့မှောက်တွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#mgy_apr2020