မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၄-၂၀၂၀)ရက်နေ့၊ နံနက်(၀၇:၃၀)နာရီအချိန်မှစတင်၍ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မြကန်သာရပ်ကွက်၊ ဂုန်နီစက်ရုံ၊ သရက်ကုန်းကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာ၊ပျဉ်းကတိုးကုန်းကျေးရွာ၊သစ်စိမ့်ကုန်းကျေးရွာ၊ တောင်ကလေးကျေးရွာ၊ ပိန္နဲကုန်းကျေးရွာ၊ ကန်ကြီးရပ်ကွက်၊ ရွှေဂုံတိုင်ရပ်ကွက်၊ ဘုရားချောင်းရပ်ကွက်၊ မြောင်းမြမြို့ အဝေးပြေးကားဝန်းတို့တွင် လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်တို့အား ကျေးရွာ/ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar
#ayy_apr2020

Sign Up

Upcoming Events