Category Archives: News
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄- ၄ -၂၀၂၀) ရက်နေ့တွင် ဟိုပန်မြို့နယ်၊ ပန်လော့ကျေးရွာတွင် အသက်ရှုလမ်းကြောင်းဆိုင်ရာကူးစက် ရောဂါ Covid-19 ရောဂါကူးစက် ပျံ့နှံ့မှု မဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့် ကြိုတင်ကာကွယ်နိုင်ရေး ပြည်သူသို့ ပန်ကြားချက်အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များကို မြန်မာ၊ ဝ (၂) ဘာသာဖြင့် ဖြန့်ဝေပေးခဲ့ ကြောင်း သိရှိရပါသည်။ #ar #shn_apr2020 Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်မှု ဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၄-၂၀၂၀) ရက်နေ့ (၀၈:၃၀) နာရီ အချိန်မှ (၁၇:၃၀)နာရီအချိန်ထိ လတ်တလော နိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်း ယာဉ်အဝင်အထွက်စီးနင်း လိုက်ပါလာ သော ခရီးသည်များအား ကိုယ်အပူချိန်များတိုင်းတာပေးခြင်းနှင့် ပြည်တွင်းပြည်ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိ သူများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရပါသည်။ #ar #mgy_apr2020 Source: … Read more
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၄-၂၀၂၀) ရက်နေ့ (၁၅:၃၀) အချိန်၌ မိုးညှင်း မြို့နယ်၊ အင်းကုန်းကျေးရွာတွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် အချက် များ၊ လိုက်နာရမည့်အချက်များကို သိရှိစေရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။ #ar #kcn_apr2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၄-၂၀၂၀)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှု ကြောင့် ကသာမြို့နယ်၊ ပုလွှေရွှေကျေးရွာအုပ်စု၊ ရွှေလမ်းဆုံကျေးရွာတွင် ပြိုလဲနေအိမ်(၂)လုံး၊ အမိုးလန် နေအိမ် (၂) လုံး အတွက် ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၄၉,၄၀၀) ကျပ်၊ ဒုံးအော့ ကျေးရွာတွင် အမိုးလန်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၈,၄၀၀) ကျပ်နှင့် ကျောက်ထုံးကြီးကျေးရွာတွင် အမိုးလန်နေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၄၈,၃၀၀) … Read more
-
Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၂၀) ရက်နေ့၌ ချီဖွေမြို့တွင် IDPs စခန်း(၂)ရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်များ အသိပညာပေးခြင်း၊ Mask ဝေငှခြင်းနှင့် လက်ဆေးဆပ်ပြာ(၃၁၂)ခဲအား ထောက်ပံ့ခြင်းတို့ကိုလည်းကောင်း၊ (၁၁-၄-၂၀၂၀)ရက်နေ့တွင် ဆော့လော်မြို့နယ်၊ လန်ဆယ်ကျေးရွာရှိပြည်သူများအား COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်သည့် အသိပညာပေးခြင်းနှင့် Mask ဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #kcn_apr2020 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ဆန်ရိက္ခာဖိုးငွေ ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် အတူလိုက်ပါလျက် ၂၀၁၉ ခုနှစ်က ရွှေ့ပြောင်းတောင်ယာများမီးရှို့ချိန်တွင် အချိန်အခါမဟုတ် မိုးများ ဆောလျင်စွာရွာသွန်းမှုကြောင့် စပါးများမရရှိလိုက်ခြင်း၊ ကိုရိုနာဗိုက်ရပ်(စ်)ကြောင့် တရုတ်ပြည်မှ အဝင်/ ထွက်ဂိတ်ဖြစ်သော ဖီမော်၊ ကန်းဖန့်ဂိတ်တို့ကို လုံးဝပိတ်ထားပါသဖြင့် ဆန်ဝယ်ယူမှုများ အခက်ခဲများစွာ ဖြစ်နေခြင်းများကြောင့် အခက်အခဲကြုံတွေ့နေရသော မြစ်ကြီးနားခရိုင်၊ ဆော့လော်မြို့နယ်ရှိ ဒေသခံ ပြည်သူများအား (၁၀-၄-၂၀၂၀)ရက်နေ့တွင် ဆော့လော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်း အဝေးခန်းမ၌ ဆော့လော်မြို့ရှိ ကျေးရွာ … Read more
-
COVID_19 နှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၁၄-၄-၂၀၂၀) ရက်နေ့တွင် စဉ့်ကူးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်သည့် စောင်ရန်/ရှောင်ရန်များကို အသံချဲ့စက်များဖြင့် အသိပညာပေး လုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #mdy_apr 2020
-
COVID-19ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၄-၂၀၂၀) ရက်နေ့တွင် သာစည်မြို့နယ်၊ ညောင်ရမ်းဈေးအုပ်စု၊ မကျီးရိုးအုပ်စု၊ ရွှေတုတ်ကုန်းအုပ်စု၊ ကုက္ကိုလ်ကန်အုပ်စုနှင့် တောကင်းအုပ်စုတို့၏ ကျေးရွာခွဲများရှိပြည်သူများအား COVid-19နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များ ဥပဒေများအားပြည်သူများ လိုက်နာဆောင်ရွက်ရန်အချက်များအား ကျေးရွာ အုပ်ချုပ်ရေးမှူး များ၊ တာဝန်ခံများ၊ ရှမ်းတဲမေတ္တာလူမှုကူညီရေးအသင်းနှင့်အတူ လိုက်လံအသိပညာပေးဆော်ဩခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ar #mdy_apr2020 Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပက်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၄-၂၀၂၀)ရက်နေ့၊ (၀၉:၀၀)အချိန်မှ (၁၅:၀၀) အချိန်ထိ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကော့ဘိန်းကျေးရွာ၊ ကျွန်းတောကျေးရွာနှင့် ပျဉ်းမစခန်းကျေးရွာများအတွင်းရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်အသိပေး ကြေငြာခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_apr2020 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၄-၂၀၂၀) ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ ဒေါပေါ်ကလဲကျေးရွာအုပ်စု၊ ဒေါဆော်လဲကျေးရွာ၊ ဘုရားနီကျေးရွာနှင့် ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူရွာသစ်ကျေးရွာအုပ်စု၊ ဟန်သောခိုကျေးရွာနှင့် ဝါသောခိုကျေးရွာရှိ မိဘပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှု မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ရန်အချက်များကို အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_apr2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ)









