လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၄-၂၀၂၀)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှု ကြောင့် ကသာမြို့နယ်၊ ပုလွှေရွှေကျေးရွာအုပ်စု၊ ရွှေလမ်းဆုံကျေးရွာတွင် ပြိုလဲနေအိမ်(၂)လုံး၊ အမိုးလန် နေအိမ် (၂) လုံး အတွက် ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၄၉,၄၀၀) ကျပ်၊ ဒုံးအော့ ကျေးရွာတွင် အမိုးလန်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၈,၄၀၀) ကျပ်နှင့် ကျောက်ထုံးကြီးကျေးရွာတွင် အမိုးလန်နေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၄၈,၃၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၃၆,၁၀၀)ကျပ်တို့ကို (၁၄-၄-၂၀၂၀) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
#ha_sgw
#sgg_apr2020
Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)