လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် အတူလိုက်ပါလျက် ၂၀၁၉ ခုနှစ်က ရွှေ့ပြောင်းတောင်ယာများမီးရှို့ချိန်တွင် အချိန်အခါမဟုတ် မိုးများ ဆောလျင်စွာရွာသွန်းမှုကြောင့် စပါးများမရရှိလိုက်ခြင်း၊ ကိုရိုနာဗိုက်ရပ်(စ်)ကြောင့် တရုတ်ပြည်မှ အဝင်/ ထွက်ဂိတ်ဖြစ်သော ဖီမော်၊ ကန်းဖန့်ဂိတ်တို့ကို လုံးဝပိတ်ထားပါသဖြင့် ဆန်ဝယ်ယူမှုများ အခက်ခဲများစွာ ဖြစ်နေခြင်းများကြောင့် အခက်အခဲကြုံတွေ့နေရသော မြစ်ကြီးနားခရိုင်၊ ဆော့လော်မြို့နယ်ရှိ ဒေသခံ ပြည်သူများအား (၁၀-၄-၂၀၂၀)ရက်နေ့တွင် ဆော့လော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်း အဝေးခန်းမ၌ ဆော့လော်မြို့ရှိ ကျေးရွာ (၅)စုမှ အိမ်ထောင်စု (၃၂၅)စု၊ လူဦးရေ (၂,၃၁၉) ဦးတို့အတွက် ဆန်ရိက္ခာ (၁) လစာ(ဆန်- ၇၂၅ အိတ်)တန်ဖိုးငွေ(၂၁,၇၄၀,၆၂၅/-) ကျပ်ကိုလည်းကောင်း၊ (၁၁-၄-၂၀၂၀) ရက်နေ့တွင် လန်ဆယ်အုပ်စုကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ အိမ်ထောင်စု (၃၁၁)စု၊ လူဦးရေ (၂,၂၃၇) ဦး တို့ အတွက် ဆန်ရိက္ခာ (၁)လစာ (ဆန် -၆၉၉) အိတ် ဆန်တန်ဖိုးငွေ (၂၀,၉၇၁,၈၇၅/-) ကျပ်ကိုလည်းကောင်း၊ စုစုပေါင်းအိမ်ထောင်စု(၆၃၆)စု၊ လူဦးရေ (၄,၅၅၆) ဦးတို့အတွက် ဆန်ရိက္ခာ (၁) လစာ (ဆန်-၁,၄၂၄အိတ်၊ ၁၈ပြည်) တန်ဖိုးငွေ (၄၂,၇၁၂,၅၀ဝ/-) ကျပ်တို့ကို သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
#kcn_apr2020
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)