Category Archives: News
-
မအူပင်မြို့နယ်၊ မင်းဘောကျေးရွာအုပ်စုအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၄-၂၀၂၀) ရက်နေ့တွင် မအူပင်မြို့နယ်၊ မင်းဘောကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲ(၃)ရွာ၌ COVID-19 ရောဂါ ကူးစက်ပျံ့ပွားမှုများ မဖြစ်ပွားစေရန်တွက် အများပြည်သူ သိရှိလိုက်နာဆောင်ရွက်ရန်အချက်များအား Loud Speaker, Hand Speaker များဖြင့် လှည့်လည်ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ညောင်တုန်းမြို့နယ်၊ ထိပ်ဝကြီးကျေးရွာအုပ်စုအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၄-၂၀၂၀) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ ထိပ်ဝကြီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၇) ရွာ၌ COVID-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး အသံဖိုင်အား ဖွင့်လှစ်၍ အသိပညာပေးခြင်းများ လှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို အသိပေးဟောပြောဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၄-၂၀၂၀) ရက်နေ့တွင် ရပ်ကွက်(၁)၊ လားရှိုးမြို့၌ Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို အသိပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း များ ကိုဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ Sourcr: လားရှိုးခရိုင်ဦးစီးမှူးရုံး #ar #shn_apr2020
-
သာပေါင်းမြို့နယ်၊ ဂုံညင်းတန်းကျေးရွာ၌ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၂၀) ရက်နေ့၊ (၁၀:၃၀) နာရီအချိန်တွင် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဂုံညင်းတန်းကျေးရွာ၌ COVID-19 ကူးစက် ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးဟောပြောခြင်းများကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် ကျေးရွာရှိတာ၀န်ရှိသူများနှင့်အတူ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာအုပ်စုအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ (၁၆-၄-၂၀၂၀) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်မှစ၍ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာအုပ်စု၊ ရှောပြာကျေးရွာ၊ ဥယျာဉ်ချောင်းကျေးရွာ၊ လှေလုံးတောင်ကျေးရွာတို့၌လည်းကောင်း၊ မင်းကုန်းကျေးရွာအုပ်စု၊ မောင်ဘီကျေးရွာ၊ စစ်တန်းကျေးရွာ၊ မင်းကုန်းလေးကျေးရွာ၊ မင်းကုန်းကြီးကျေးရွာများ၌ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကျေးရွာနေပြည်သူများအား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြိုနယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၂၀) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ သစ်တိုချောင်းကျေးရွာအုပ်စု၊ သစ်တိုချောင်းကျေးရွာတွင် (၁၀:၀၀) နာရီအချိန်၌လည်းကောင်း၊ မဲဇလီကျေးရွာတွင် (၁၂:၀၀) နာရီအချိန်၌လည်းကောင်း၊ ကျွန်းကလေးကျေးရွာတွင် (၁၃:၃၀) နာရီအချိန်၌လည်းကောင်း၊ Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်များနှိုးဆော်ခြင်းများအား ကျေးရွာရှိ အုပ်ချုပ်ရေးမှူး ရပ်မိရပ်ဖများနှင့်အတူ ကျေးရွာနေပြည်သူတို့အား အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: ဘိုကလေးမြိုနယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို အသိပေးဟောပြောဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၂၀) ရက်နေ့တွင် ရပ်ကွက်(၉)၊ ရပ်ကွက်(၁၀)လားရှိုးမြို့၌ Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို အသိပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကိုဆောင်ရွက်ခဲ့ပါသည်။ Sourcr: လားရှိုးခရိုင်ဦးစီးမှူးရုံး #ar #shn_apr2020
-
ညောင်ဦးမြို့ပေါ်ရှိ ရပ်ကွက်နေပြည်သူများထံ COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် Mask များ ပေးဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ (၁၅-၄-၂၀၂၀) ရက်နေ့၊ (၁၂း၀၀) နာရီမှ (၁၈း၀၀) နာရီအထိ ညောင်ဦးမြို့ပေါ်ရှိ ရေဝင်ရပ်ကွက်၊ သာယာဝတီရပ်ကွက်၊ သီရိမင်္ဂလာရပ်ကွက်၊ သီလရင်စုရပ်ကွက်၊ ဝက်ကြီးအင်းရပ်ကွက်၊ အောင်သပြေရပ်ကွက်နှင့် မဏိစည်သူဈေးတို့တွင် COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ရပ်ကွက်နေ ပြည်သူများအား Mask များ ပေးဝေခဲ့ပြီး အပြင်ထွက်သည့်အခါ မဖြစ်မနေ Mask တပ်ဆင်ပေးကြရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mdy_apr2020 … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၄-၂၀၂၀) ရက်နေ့၊ (၂၀:၃၀) အချိန်၌ လေပြင်းတိုက်ခတ်မှုများကြောင့် ကသာခရိုင်၊ ဝန်းသိုမြို့နယ်၊ စစ်ကဲကြီးရပ်ကွက်၊ ဆီဆုံကုန်းရပ်တွင် နေအိမ်အမိုးလှန်ပျက်စီးမှုများဖြစ်ပွားခဲ့ရာ ဘေးသင့်အိမ်ထောင်စု (၃) စု၊ လူဦးရေ (၉) ဦးတို့အား (၁၆-၄-၂၀၂၀) ရက်နေ့၊ (၁၃:၃၀) အချိန်တွင် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇) ရက်စာအတွက် (၁၈,၉၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆၈,၉၀၀/-) ကျပ်အား ဝန်းသိုမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ … Read more
-
ရေကြည်မြို့နယ်၊ အသုတ်မြို့အတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၂၀) ရက်နေ့တွင် ရေကြည်မြို့နယ်၊ အသုတ်မြို့၊ အမှတ်(၁)ရပ်ကွက်၌ (၀၉:၀၀) နာရီမှ (၁၀:၅၀) နာရီထိလည်းကောင်း၊ အမှတ်(၂)ရပ်ကွက်၌ (၁၀:၅၀) နာရီမှ (၁၂:၀၀) နာရီထိလည်းကောင်း၊ အမှတ်(၃)ရပ်ကွက်၌ (၁၃:၀၀) နာရီမှ (၁၄:၃၀) နာရီထိလည်းကောင်း၊ အမှတ်(၄)ရပ်ကွက်၌ (၁၄:၃၀) နာရီမှ (၁၆:၀၀) နာရီထိလည်းကောင်း၊ အမှတ်(၅)ရပ်ကွက်၌ (၁၆:၀၀) နာရီမှ (၁၇:၃၀) နာရီထိလည်းကောင်း COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့်ပတ်သက်၍ … Read more









