လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ (၁၅-၄-၂၀၂၀) ရက်နေ့၊ (၁၂း၀၀) နာရီမှ (၁၈း၀၀) နာရီအထိ ညောင်ဦးမြို့ပေါ်ရှိ ရေဝင်ရပ်ကွက်၊ သာယာဝတီရပ်ကွက်၊ သီရိမင်္ဂလာရပ်ကွက်၊ သီလရင်စုရပ်ကွက်၊ ဝက်ကြီးအင်းရပ်ကွက်၊ အောင်သပြေရပ်ကွက်နှင့် မဏိစည်သူဈေးတို့တွင် COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ရပ်ကွက်နေ ပြည်သူများအား Mask များ ပေးဝေခဲ့ပြီး အပြင်ထွက်သည့်အခါ မဖြစ်မနေ Mask တပ်ဆင်ပေးကြရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)