ရေကြည်မြို့နယ်၊ အသုတ်မြို့အတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၂၀) ရက်နေ့တွင် ရေကြည်မြို့နယ်၊ အသုတ်မြို့၊ အမှတ်(၁)ရပ်ကွက်၌ (၀၉:၀၀) နာရီမှ (၁၀:၅၀) နာရီထိလည်းကောင်း၊ အမှတ်(၂)ရပ်ကွက်၌ (၁၀:၅၀) နာရီမှ (၁၂:၀၀) နာရီထိလည်းကောင်း၊ အမှတ်(၃)ရပ်ကွက်၌ (၁၃:၀၀) နာရီမှ (၁၄:၃၀) နာရီထိလည်းကောင်း၊ အမှတ်(၄)ရပ်ကွက်၌ (၁၄:၃၀) နာရီမှ (၁၆:၀၀) နာရီထိလည်းကောင်း၊ အမှတ်(၅)ရပ်ကွက်၌ (၁၆:၀၀) နာရီမှ (၁၇:၃၀) နာရီထိလည်းကောင်း COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_apr2020
Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events