Category Archives: News
-
COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၂၀) ရက်နေ့ (၁၅:၃၀) နာရီအချိန်တွင် မိုးညှင်းမြို့နယ်၊ ကံကုန်းလေးကျေးရွာ၌ COVID-19 ကူးစက်ရောဂါ နှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များ၊ လိုက်နာရမည့်အချက်များကို အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kcn_apr2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၂၀) ရက်နေ့၊ နံနက် (၀၈:၀၀) အချိန်မှ (၁၅:၀၀) အချိန်အထိ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးနှင့်အတူပူးပေါင်း၍ လက်ဆည်ကျေးရွာအုပ်စုရှိ လက်ဆည်ကျေးရွာ၊ ဆုံကုန်းကျေးရွာနှင့် အုံးမှင်ကျေးရွာ၊ ရှားပင်အိုင့်ကျေးရွာအုပ်စုရှိ ရှားပင်အိုင့်ကျေးရွာ၊ ဆူးလေကုန်းကျေးရွာ၊ ဂဲကုန်းကျေးရွာ၊ ဂုံကုန်းကျေးရွာနှင့် မောင်းတွင်းချောင်ကျေးရွာတို့တွင် လှည့်လည်၍ Covid-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: ဆိတ်ဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_apr2020
-
COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ (၁၆-၄-၂၀၂၀) ရက်နေ့ (၀၈:၀၀) နာရီမှ စတင်ပြီး မြင်းခြံမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် စေျးအတွင်းသို့ လှည့်လည်၍ COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုများ မဖြစ်ပွားစေရေး သိရှိလိုက်နာရန်အချက်များ၊ ဆောင်ရန်/ ရှောင်ရန် အချက်များကို အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_apr2020 Source: မြင်းခြံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရေးအတွက် သိရှိပြီး လိုက်နာဆောင်ရွက်ရန် အသိပေးဆောင်ရွက်မှုူသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၂၀) ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ကျေးရွာအုပ်စု၊ ကိုးတောင်ဘို့ရွာမကျေးရွာ၊ ကွက်သစ်ရွာကျေးရွာ၊ ကျွန်းကုန်းကျေးရွာ၊ ကိုင်းမကျေးရွာ၊ ပေါက်ကုန်းကျေးရွာနှင့် ပိတောက်ခုံကျေးရွာများသို့ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး စီးဌာန၊ ကိုးတောင်ဘို့ကျေးရွာအုပ်စုနယ်မြေခံမီးသတ်တပ်ဖွဲ့စခန်းတို့နှင့်ပူးပေါင်း၍ မိဘပြည်သူ များအား COVID-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရေးအတွက် သိရှိပြီး လိုက်နာဆောင်ရွက်ရန် အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်၊၊ Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_apr2020
-
Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ အသိပညာပေးခြင်းလုပ်ငန်းဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၂၀) ရက်နေ့တွင် (COVID-19 ) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ အသိပညာပေးခြင်းကို ဟိုပန်မြို့၊ မန်ခွန်ရပ်ကွက်နှင့် စျေးရပ်ကွက်တို့တွင်ထပ်မံ လှည့်လှည်၍ အသိပညာပေးဆောင်ရွက်ခဲ့ပြီး မြန်မာဘာသာ၊ ဝဘာသာတို့ဖြင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_apr2020
-
COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လွိုင်လင်မြို့၊ ရပ်ကွက် (၁) တွင် (၁၆-၄-၂၀၂၀) ရက်နေ့ နံ့နက် (၉:၀၀) နာရီမှ (၁၂:၀၀) နာရီအချိန်အထိ COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါနှင့် ပက်သက်၍ အသိပညာပေးနှိုးဆော်ခြင်းများကို ထပ်မံလှည့်လှည်၍ အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn _apr2020 Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါကူးစက်ပျံ့ပွားမှုလျော့နည်းစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးဟောပြောဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၂၀) ရက်နေ့တွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၌ Covid-19 ရောဂါကူးစက်ပျံ့ပွားမှုလျော့နည်းစေရေးနှင့်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူထံ အသိပေးပန်ကြာခြင်းကို ရှမ်းဘာသာ၊ မြန်မာဘာသာဖြင့် လည့်လည်ဆော်သြခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_apr2020
-
COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာနတို့နှင့် အတူပူးပေါင်း၍ (၁၆-၄-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်အထိ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျွန်းကလေးကျေးရွာအုပ်စုအတွင်းရှိ ကျုံလတာကျေးရွာ၊ ကျွန်းကြားကြီးကျေးရွာ၊ ကျွန်းကြား လေးကျေးရွာနှင့် လမုတောကျေးရွာတို့၌ ဌာနမှပေးပို့ထားသော Covid-19နှင့် ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်ကို အသံဖိုင်ဖြင့်လည်းကောင်း၊ Hand Speaker၊ Loud Speaker များအသုံးပြု၍လည်းကောင်း လှည့်လှည်အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၂၀) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် ကြက်ခြေနီအသင်းတို့နှင့် ပူပေါင်း၍ ကျိုင်းတုံ-တာချီလိတ်၊ နောင်နွန်းစုပေါင်းဂိတ်၌ ကျိုင်းတုံမြို့ တွင်းသို့ အ၀င်/ အထွက် ယာဉ်လိုင်းများတွင်စီးနှင်းလိုက်ပါသော ခရီးသည်များအား ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်းကောက်ယူခြင်းနှင့် ကျိုင်းတုံမြို့၊ ယန်းလော့ကျေးရွာအုပ်စု၊ ဖိုင်ဘိန်းကျေးရွာနှင့် နမ့်ဝေါ်စန့်ကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို အသိပညာပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more
-
လေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ေရးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းတုန်းမြို့နယ် ကျေးရွာအုပ်စု(၄)စု၊ ကျေးရွာ(၆)ရွာတို့တွင် (၁၄-၄-၂၀၂၀)နေ့၊ (၁၆း၅၀) မှ (၁၇း၃၀) နာရီအချိန်ထိ လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်လူနေအိမ် (၁၀) လုံး၊ အိမ်ထောင်စု (၁၀) စု၊ လူဦးရေ (၃၆) ဦးတို့အတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုးတန်ဖိုးငွေ (၇၅,၆၀၀)ကျပ်၊ အိမ်/ကျောင်းဆောက်ပစ္စည်းဖိုးငွေ(၃၃၀,၀၀ဝ)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၄၀၅,၆၀၀) ကျပ်အား (၁၆-၄-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် မင်းတုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး တို့ရှေ့မှောက်တွင် … Read more









