Category Archives: News
-
လားရှိုးခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၄-၂၀၂၀)ရက်နေ့ (၁၈း၀၀)အချိန်တွင် သိန္နီမြို့နယ်၊ မိုင်းလီကျေးရွာအုပ်စု၊ ဟိုတုံကျေးရွာအုပ်စု၊ နားဆော့ကျေးရွာအုပ်စု၊ ကောင်းမှူးဖိတ်ကျေးရွာအုပ်စုတို့၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များအမိုးလန်ပြိုကျပျက်စီးခဲ့ရာ ဘေးသင့်အိမ်ထောင်စု (၄၃) စုအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးကျပ် (၁၈၀၁၀၀၀ိ/-)နှင့် ပြိုကျအိမ်ခြေ(၆)လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး(၆)စုစာအား သိန္နီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးအား(၂၀-၄-၂၀၂၀) ရက်နေ့တွင် ထောက်ပံ့ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ha_sgw #shn_apr2020
-
Covid- 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြိုနယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၂၀) ရက်နေ့တွင် (၀၈:၃၀) နာရီ၌ ဘိုကလေးမြို့နယ်၊ ပိုက်စလကျေးရွာအုပ်စု၊ ပိုက်စလကျေးရွာတွင်လည်းကောင်း၊ (၁၁:၀၀) နာရီ၌ ဝါးနက်ကုန်းကျေးရွာတွင်လည်းကောင်း၊ (၁၄:၀၀)နာရီ၌ ဝက်ကော်ကျေးရွာတွင် လည်း ကောင်း Covid- 19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များ နှိုးဆော်ခြင်းအား ကျေးရွာ ရှိအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ ကျေးရွာနေပြည်သူတို့အား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #ayy_apr2020 Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး … Read more
-
လေဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၂၀) ရက်နေ့၊ ဖရူဆိုမြို့နယ်၊ တော်ခူကျေးရွာအုပ်စု၊ တော်ခူရွာသစ်ကျေးရွာတွင် လေဘေး (၁) အိမ်ထောင်စုအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀,၀၀၀ိ/-) ကျပ်နှင့် ဆန်ရိက္ခာဖိုး(၁၈,၉၀၀ိ/-) ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၁၀၈,၉၀၀ိ/-) ကျပ်ကို (၁၉-၄-၂၀၂၀) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_apr2020
-
Covid- 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြိုနယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၄-၂၀၂၀) ရက်နေ့တွင် (၀၉:၀၀)နာရီ၌ ဘိုကလေးမြို့နယ်၊ သပြုကုန်းကျေးရွာအုပ်စု၊ သပြုကုန်းကျေးရွာတွင်လည်းကောင်း၊ (၁၁:၃၀) နာရီ၌ ကျောင်းချောင်းကျေးရွာတွင်လည်းကောင်း Covid- 19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များ နှိုးဆော်ခြင်းအား ကျေးရွာရှိအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ ကျေးရွာ နေပြည်သူတို့အား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #ayy_apr2020 Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့် အိမ်ထောင်စုအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ ကန့်ဘလူမြို့နယ်၊ စံပါယ်နံ့သာကျေးရွာအုပ်စု၊ လက်ပံကျွန်းကျေးရွာ(၁၇-၄-၂၀၂၀)ရက်နေ့ (၂၀:၃၀)အချိန်တွင် ဖြစ်ပွားခဲ့သောမီးဘေးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး(၁)အိမ်ထောင်စာနှင့် လုံးဝပျက်စီး သွပ်မိုး/ထရံကာနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝိ/-) လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ (၁၂၆ဝဝိ/-) စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၁၂၆၀ဝိ/-)ကို (၁၈-၄-၂၀၂၀)ရက်နေ့ (၁၇:၁၁)အချိန်တွင် မီးဘေးသင့်ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #sgg_apr2020 Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၂၀)ရက်နေ့တွင် နံနက်(၈:၀၀)အချိန်မှ (၁၅:၀၀)အချိန်ထိ ကနီမြို့နယ်အတွင်းရှိ တောင်နီကျေးရွာ၊ နရွှဲဂွကျေးရွာ၊ ကျွန်းပင်အိုင်ကျေးရွာ၊ အနောက်စုကျေးရွာ၊ ငှက်ပျောတော ကျေးရွာ၊ တောင်လည်ကြီးကျေးရွာ၊ မန်ကျည်းအုပ်ကျးရွာ၊ ဝင်မနားကျေးရွာ၊ ရွာမမြောက်ကျေးရွာ၊ ရွာမတောင်ကျေးရွာ ပကားကျေးရွာ၊ သင်္ကန်းစွဲကျေးရွာ၊ အင်းပက်လက်ကျေးရွာ၊ ဘုတ်ကုန်းကျေးရွာ၊ ငှက်ပျောခြံကျေးရွာ၊ ကံတောကျေးရွာ ပန်းတိမ်စုကျေးရွာများအတွင်းလှည့်လည်၍ အသံချဲ့စက်ဖြင့် Covid 19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေးလိုက်နာရန်အချက်များအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ပြန်ုကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ကျေးရွာခွဲတာဝန်ခံများနှင့်အတူ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါ ကြောင်းနှင့် … Read more
-
လားရှိုးခရိုင်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၄-၂၀၂၀) ရက်နေ့တွင် သိန္နီမြို့ ရပ်ကွက်(၁)၊ ရပ်ကွက်(၂)၌ Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို အသိပေးပန်ကြားခြင်းများကိုဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020
-
လားရှိုးခရိုင်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၄-၂၀၂၀) ရက်နေ့တွင် ရပ်ကွက်(၁၂)၊ လားရှိုးမြို့၌ Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို အသိပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများကိုဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးဟောပြောဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (18-4-2020)ရက်နေ့ (7:00)နာရီအချိန်မှ စတင်၍ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ဆူးဘုတ်ကုန်းကျေးရွာအုပ်စု၊ ဆူးဘုတ်ကုန်းကျေးရွာ၊ ဗိုလ်တည်းကုန်းကျေးရွာနှင့် ဇီးဖြူကုန်းအုပ်စု၊ ဇီးဖြူကုန်းကျေးရွာ၊ မောင်းတိုင်ကျေးရွာ၊မင်းကုန်း(က)ကျေးရွာများရှိ ပြည်သူများထံ သို့ သွားရောက်ပြီး COVID-19 ရောဂါ ကူးစက်ပျံ့ နှံ့မှု မဖြစ်ပွားစေရန်အတွက် ကူးစက်ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အချက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်ရန် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_apr2020 Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၂၀) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်အထိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ထမ္မကောက်ကျေးရွာအုပ်စုရှိ ထမ္မကောက်ကျေးရွာ၊ ဇီးတော်ပင်ကျေးရွာ၊ အင်ကြင်းပင်ကျေးရွာ၊ ဆင်သားမွှေးကျေးရွာနှင့် ကူရှည်ကျေးရွာအုပ်စုရှိ ကူရှည်ကျေးရွာ၊ အလယ်စုကျေးရွာ၊ ထန်းစွန်ကျေးရွာ၊ တပေါင်းကျေးရွာ၊ မြောက်တောကျေးရွာများ၌ COVID – 19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: … Read more









