လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၂၀)ရက်နေ့တွင် နံနက်(၈:၀၀)အချိန်မှ (၁၅:၀၀)အချိန်ထိ ကနီမြို့နယ်အတွင်းရှိ တောင်နီကျေးရွာ၊ နရွှဲဂွကျေးရွာ၊ ကျွန်းပင်အိုင်ကျေးရွာ၊ အနောက်စုကျေးရွာ၊ ငှက်ပျောတော ကျေးရွာ၊ တောင်လည်ကြီးကျေးရွာ၊ မန်ကျည်းအုပ်ကျးရွာ၊ ဝင်မနားကျေးရွာ၊ ရွာမမြောက်ကျေးရွာ၊ ရွာမတောင်ကျေးရွာ ပကားကျေးရွာ၊ သင်္ကန်းစွဲကျေးရွာ၊ အင်းပက်လက်ကျေးရွာ၊ ဘုတ်ကုန်းကျေးရွာ၊ ငှက်ပျောခြံကျေးရွာ၊ ကံတောကျေးရွာ ပန်းတိမ်စုကျေးရွာများအတွင်းလှည့်လည်၍ အသံချဲ့စက်ဖြင့် Covid 19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေးလိုက်နာရန်အချက်များအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ပြန်ုကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ကျေးရွာခွဲတာဝန်ခံများနှင့်အတူ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါ ကြောင်းနှင့် ပြည်သူသို့ ပန်ကြားချက်များအား ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#sgg_apr2020
Source: ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)