လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြိုနယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၄-၂၀၂၀) ရက်နေ့တွင် (၀၉:၀၀)နာရီ၌ ဘိုကလေးမြို့နယ်၊ သပြုကုန်းကျေးရွာအုပ်စု၊ သပြုကုန်းကျေးရွာတွင်လည်းကောင်း၊ (၁၁:၃၀) နာရီ၌ ကျောင်းချောင်းကျေးရွာတွင်လည်းကောင်း Covid- 19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များ နှိုးဆော်ခြင်းအား ကျေးရွာရှိအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ ကျေးရွာ နေပြည်သူတို့အား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
#ar
#ayy_apr2020
Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)