Category Archives: News
-
ဗန်းမော်မြို့နယ်အတွင်း IDPs စခန်းများ၌ ဆပ်ပြာခဲများနှင့် Mask များထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀)ရက်နေ့တွင် ဗန်းမော်မြို့နယ်၊ နှစ်-၂၀၀၀ IDPစခန်းရှိ အိမ်ထောင်စု(၂၃၆)စုစာအတွက် ဆပ်ပြာခဲ(၄၇၂)ခဲ၊ mask (၄၇၂)ခု၊ လီဆူနှစ်ခြင်း IDPစခန်းရှိ အိမ်ထောင်စု(၁၁၃)စုစာအတွက် ဆပ်ပြာခဲ(၂၂၆)ခဲ၊ mask (၂၂၆)ခု၊ ရောဘက် IDPစခန်းရှိ အိမ်ထောင်စု(၆၂၈)စုစာအတွက် ဆပ်ပြာခဲ(၁၂၅၆)ခဲ၊ mask (၁၂၅၆)ခု၊ ဖန်းခါးကုန်း IDPစခန်းရှိ အိမ်ထောင်စု(၉၇)စုစာအတွက် ဆပ်ပြာခဲ(၁၉၄)ခဲ၊ mask (၁၉၄)ခုနှင့် ထွယ်ဆန် IDPစခန်းရှိ အိမ်ထောင်စု(၃၇)စုစာ ဆပ်ပြာခဲ(၇၄)ခဲ၊ mask (၇၄)ခုတို့ကို သွားရောက်ထောက်ပံ့ခဲ့ကြောင်း … Read more
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဒည်ကုန်းကျေးရွာအုပ်စု၊ ဒည်ကုန်းကျေးရွာ၊ ဂွေးတောက်ကွင်းကျေးရွာနှင့် သစ်စိမ့်ကုန်းကျေးရွာတို့၌ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ကျေးရွာရှိတာ၀န်ရှိသူ များနှင့်အတူ (၂၃-၄-၂၀၂၀) ရက်နေ့၌ (၁၁:၀၀)နာရီအချိန်တွင် လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက် ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀)ရက်နေ့ (၀၉:၄၅)အချိန်၌ တောင်ကြီးမြို့၊ နောင်ခဲကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ(၁) လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၂)ဦးတို့ မီးဘေးသင့်ခဲ့ရာ လူဦးရေ (၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၄,၂၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၁၀၄,၂၀၀)ကျပ်၊ အိမ်ထောင်စု(၁)စု အတွက် (၄၆,၃၅၃)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုးတို့ကို (၂၃-၄-၂၀၂၀)ရက်နေ့ (၁၄:၀၀) အချိန်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_fir #shn_apr2020 … Read more
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀) ရက်နေ့ နံနက် (၀၉:၃၀) အချိန်မှ ညနေ(၁၅:၃၀) အချိန်အထိ လယ်ဝေးမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ ရှမ်းစု (အရှေ့) ကျေးရွာ၊ ရှမ်းစု (အနောက်) ကျေးရွာ၊ ကန်လှကျေးရွာ၊ ကြို့ပင်ကျေးရွာ၊ ညောင်ပင်သာ ကျေးရွာနှင့် တလုပ်ပင်ကျေးရွာအုပ်စု၊ ကန်ဘေးကျေးရွာ၊ တလုပ်ပင်ကျေးရွာနှင့် ရွှေကျင်ကျေးရွာများ အတွင်းရှိ ပြည်သူများသို့ COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့်ပတ်သက်၍ အသိပညာပေးခြင်းကို … Read more
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀) ရက်နေ့တွင် မိတ္ထီလာမြို့နယ်၊ ဇရပ်ကုန်းကျေးရွာအုပ်စု၊ ဆူးရစ်တန်းကျေးရွာ၌ ရေရှားပါးသောကြောင့် သောက်သုံးရေဂါလန် (၁၆၀၀) ကိုဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #mdy_apr2020 Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရွေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ကျေးရွာများအတွင်း၌ (၂၁-၄-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးနေအိမ်(၄၉)လုံး၊ အိမ်ထောင်စု(၄၉)စုမှ လူဦးရေ(၂၅၆) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၃၇,၆၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၆၆၀,၀၀၀/-) ကျပ်တို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၂၃-၄-၂၀၂၀)ရက်နေ့၊ (၁၅:ဝဝ)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_apr2020 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သပြေလှကျေးရွာ၌ (၂၁-၄-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁) လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၄)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၈,၄၀၀/-)ကျပ်တို့ကို သပြေလှကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ (၂၃-၄-၂၀၂၀)ရက်နေ့၊ (၁၅:ဝဝ)နာရီအချိန်တွင် ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #kcn_apr2020 Source: ရွှေကူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအတွက် ဆပ်ပြာနှင့် Mask များ ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့၊ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်း၌ ခိုလှုံလျက်ရှိသော တိုက်ပွဲ ရှောင်အိမ်ထောင်စု (၅၃) စုအတွက် ဆပ်ပြာ (၅၃)တောင့်နှင့် Mask (၁၀၆)ခုအား (၂၃–၄–၂၀၂၀)ရက်နေ့၊ (၁၆:၃၀) နာရီအချိန်တွင် ပေးအပ်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #rke_apr2020 Source: ရခိုင် ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၃-၄-၂၀၂၀) ရက်နေ့တွင် မိုးမိတ်မြို့နယ်၊ သရက်တောကျေးရွာနှင့် အာသံကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန်လိုအပ်ချက်များကို ပြည်သူသို့ ပန်ကြားခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပညာပေး ဗွီနိုင်းပိုစတာများ ကပ်ခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀) ရက်နေ့၊ (၀၈:၄၀)နာရီအချိန်မှ (၁၀:၀၀)နာရီအချိန်အထိ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ရေနံသာကျေးရွာအုပ်စု၊ ကျွဲလမ်းကျေးရွာ၌လည်းကောင်း၊ (၁၀:၀၀)နာရီအချိန်မှ (၁၁:၃၀)နာရီအချိန်အထိ ကွင်းကြီးကျေးရွာ၌လည်းကောင်း၊ (၁၂:၄၅)နာရီအချိန်မှ (၁၃:၄၅)နာရီအချိန်အထိ စပါယ်ရိုးကျေးရွာ၌လည်းကောင်း၊ (၁၃:၄၅)နာရီအချိန်မှ (၁၅:၀၀)နာရီအချိန်အထိ သပြုပင်ကျေးရွာ၌လည်းကောင်း၊ (၁၅:၀၀)နာရီအချိန်မှ (၁၆:၄၅)နာရီအချိန်အထိ ရေနံသာကျေးရွာ၌လည်းကောင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)









