Category Archives: News
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၄.၄.၂၀၂၀)ရက်နေ့၊ နံနက်(၈း၀၀)နာရီမှ နေ့လည်(၁၂း၀၀)နာရီချိန်ထိ ကြာအင်းဆိပ်ကြီးမြို့၊ တောင်ဒီးကျေးရွာ၊ ခွေးသိုးဆိပ်ကျေးရွာ ဝင်းရော်ကြီးကျေးရွာတို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွားလျှက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာနေပြည်သူတို့အားအသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_apr2020 Source: ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၄-၄-၂၀၂၀) ရက်နေ့၌ တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ဇီးကျကျေးရွာနှင့် ကျောက်ကညာကျေး ရွာတို့တွင် လော်စပီကာတို့ဖြင့် (Covid-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည် ကြေညာခြင်း၊ အသိပညာပေး ဗီနိုင်းပိုစတာများကပ်ခြင်းနှင့် ဦးစီးဌာန(ရုံးချုပ်)မှ ပေးပို့ထားသော Covid-19 အသိပညာပေးအသံဖိုင်များဖွင့်၍ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄.၄.၂၀၂၀) ရက်နေ့ တွင် (၀၉း၀၀)နာရီမှစတင်၍ (၁၂း၀၀)အချိန်ထိ ရေစကြိုမြို့နယ်၊ ကြက်ဆူကျင်းကျေးရွာအုပ်စု၊ ကြက်ဆူကျင်းကျေးရွာနှင့် ကျောက်ဖူးကျေးရွာတို့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ လူငယ်လုပ်ငန်းအဖွဲ့တို့နှင့် ပူးပေါင်းကာ COVID-19ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရန်များကို လော်စပီကာဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၄-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ(အရှေ့ပိုင်း)၊ ဦးဝဲ(တဲတိုက်)၊ ဦးအုန်းသီး(တဲတိုက်)နှင့် အောင်ချမ်းသာကွက်သစ်ရှိ အိမ်ခြေ (၁၁၄) လုံး၊ အိမ်ထောင် စု(၁၂၃) စု၊ လူဦးရေ (၅၇၉) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_drg #mgy_apr2020
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၄-၄-၂၀၂၀)ရက်နေ့တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်း တို့နှင့်ပူပေါင်း၍ ကျိုင်းတုံ-တာချီလိတ်၊ နောင်နွန်းစုပေါင်းဂိတ်၌ ကျိုင်းတုံမြို့တွင်းသို့ အ၀င်/အထွက် ယာဥ်လိုင်းများတွင်စီးနှင်းလိုက်ပါသော ခရီးသည်များအား ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်း ကောက်ယူခြင်းနှင့် ကျိုင်းတုံမြို့လွယ်မွေကျေးရွာအုပ်စု၊ နောင်ဆာကျေးရွာနှင့်ယန်းခကျေးရွာ အုပ်စု၊ ယန်းခကျေးရွာတို့တွင် လတ်တလော နိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID – 19 ကူးစက်ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် COVID-19ရောဂါ ကူးစက်ပြန့်နှံ့မှု မဖြစ်ပွား စေရန် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များကို အသိပညာပေးဟောပြောခဲ့ကြောင်း … Read more
-
လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်၊ ရွှေကူမြို့နယ် (၂၁-၄-၂၀၂၀) ရက်နေ့တွင် လေပြင်းမုန်တိုင်းတိုက်ခတ်၍ မိုးသည်းထန်းစွာရွာ သွန်းမှုကြောင့် မြို့လှမြို့၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်၌ တစ်စိတ်တစ်ပိုင်း လေဘေးသင့် အိမ်ထောင်စု(၂)စု၊ လူဦးရေ (၉)ဦးတို့အတွက် အိမ်ဆောက်တန် ဖိုးငွေ (၂၀၀၀၀၀/-) ကျပ်၊ လူ(၁)ဦးလျှင် (၂၁၀၀/-) ကျပ်နှုန်းဖြင့် (၇)ရက်စာ ဆန်ဖိုးငွေ (၁၈၉၀၀/-) ကျပ်တို့အား မြို့လှမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ (၂၄-၄-၂၀၂၀) ရက်နေ့ နံနက် (၁၁:၃ဝ) နာရီအချိန် တွင် ဘေးသင့်ပြည်သူထံလက်ဝယ်အရောက် … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၄-၂၀၂၀) ရက်နေ့၊ (၀၈:၃၀) နာရီမှ (၁၁:၀၀) နာရီအချိန်ထိ မကွေးခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ ညောင်ကြပ်ပင်ကျေးရွာနှင့် ဖက်သန်းတောကျေးရွာများသို့ COVID-19 ရောဂါနှင့် ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပြည်သူလူထု အသိပညာပေးပန်ကြားချက်များကို လှည့်လည် ဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_apr2020
-
သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘောလခဲ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃.၄.၂၀၂၀) ရက်နေ့တွင် ဘောလခဲမြို့နယ်၊ ဘူးခူကျေးရွာအုပ်စု၊ ဘူးခူ(ထားလဲ) ကျေးရွာသို့ သောက်သုံးရေဂါလံ (၁၆၀၀) အား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #kyh_apr2020 Source: ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ နတ်လုထိပ်ပန်ရပ်ကွက်၊ မင်းကြီးကုန်းရပ်၊ ညောင်ပင်စောက်ရပ်၊ မုံရွာတောင်ရပ်၊ ရွှေကုန်းရပ်၊ အောင်မင်္ဂလာရပ်၊ အုန်းခြံရပ်၊ အေးခိုရပ်ကွက်နှင့် ဘုရားကြီးရပ်ကွက်များတွင် Covid-19 ရောဂါကူးစက်ပျံ့နှံမှုများမဖြစ်ပွားစေနိုင်ရန်အတွက် အများပြည်သူများ အလွယ်တကူသိရှိ လိုက်နာဆောင်ရွက်ရန်များကို အသိပေးဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_apr2020 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုူဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ (၂၃.၄.၂၀၂၀)ရက်နေ့ မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာ ၊ ကင်းတပ်ကျေးရွာ၊ ဘုရားကုန်းကျေးရွာ၊ မွှေ့ရှောင် ကျေးရွာ ၊ ချောင်းဝပြင်ကျေးရွာ၊ တို့၌ COVID 19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအသိပညာပေးဆော်သြခြင်း၊ ဗီနိုင်းပိုစတာကပ်ခြင်းတို့အား ရပ်ကျေးအဖွဲနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_apr2020 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)









