
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၄-၄-၂၀၂၀)ရက်နေ့တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်း တို့နှင့်ပူပေါင်း၍ ကျိုင်းတုံ-တာချီလိတ်၊ နောင်နွန်းစုပေါင်းဂိတ်၌ ကျိုင်းတုံမြို့တွင်းသို့ အ၀င်/အထွက် ယာဥ်လိုင်းများတွင်စီးနှင်းလိုက်ပါသော ခရီးသည်များအား ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်း ကောက်ယူခြင်းနှင့် ကျိုင်းတုံမြို့လွယ်မွေကျေးရွာအုပ်စု၊ နောင်ဆာကျေးရွာနှင့်ယန်းခကျေးရွာ အုပ်စု၊ ယန်းခကျေးရွာတို့တွင် လတ်တလော နိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID – 19 ကူးစက်ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် COVID-19ရောဂါ ကူးစက်ပြန့်နှံ့မှု မဖြစ်ပွား စေရန် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များကို အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါ သည်။
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#shn_apr2020